Friday, February 17, 2017

ဘဝအတွက်​ အဖိုးတန်​ အဆုံးအမများ

" ဘဝအတွက် အဖိုးတန် အဆုံးအမများ "

ဓနကြောင့် မာနတက်တဲ့ နေ့
ဓန ပျောက်တဲ့ နေ့ ။
အလှကြောင့် မာနတက်တဲ့ နေ့
အလှ ပျောက်တဲ့ နေ့ ။
နေရာကြောင့် မာနတက်တဲ့ နေ့
နေရာ ပျောက်တဲ့ နေ့ ။
ပညာကြောင့် မာနတက်တဲ့ နေ့
ပညာ ပျောက်တဲ့ နေ့ ။
အလုပ်ကြောင့် မာနတက်တဲ့ နေ့
အလုပ် ပျောက်တဲ့ နေ့ ။
သီလစောင့်မှ အူမတောင့်မယ်
အူမတောင့်အောင် သီလစောင့်ကြပါ ။
ငတ်သေရင် တစ်ဘဝပဲ
သီလပျက်ရင် ဘဝများစွာ သေရမယ် ။
အသုဘခန္ဓာကြီးအတွက် အကုသိုလ်နဲ့
မလုပ်ကျွေးပါနဲ့ အများစားပြီး
တစ်ယောက်ထဲ ခံရလိမ့်မယ် ။
အကောင်းအဆိုး အကြောင်း အကျိုး
အမှား အမှန် ပိုင်းခြား သိတာ ညဏ်
တရားမသိရင် အသိတရား မရှိဘူး
အသိတရား မရှိရင်
တရားနဲ့လျော်စွာ မနေတတ်ဘူး ။
တရားနဲ့လျော်စွာ မနေတတ်ရင်
အပြစ် မကင်းဘူး ။
အပြစ် မကင်းရင် ဆင်းရဲမယ်
မဆင်းရဲချင်ရင် တရားသိအောင်လုပ် ။
ကုသိုလ်ဆိုတာ
လောဘ ဒေါသ မောဟ မပါတဲ့ အလုပ် ။
ဖြစ်သမျှအကြောင်း
မကောင်း ကောင်းအောင်လုပ်ကြ ။
ကာယကံ ဝစီကံ မနောကံ ပြုတိုင်းပြုတိုင်းမှာ
တရားနဲ့လျှော်အောင် ကျင့်ကြံနေထိုင်ပါ ။
ချစ်ခြင်း မုန်းခြင်း ကင်းအောင် ကျင့်ကြ
မချစ်တတ် မမုန်းတတ်မှ
သံသယဝဋ်ဆင်းရဲက လွှတ်ကင်းနိုင်မယ် ။
ဘုရားကို ယုံသလား?တရားကို ယုံသလား?
သံဃကို ယုံသလား?ဘာကြောင့် ယုံသလဲ?
ဘယ်လို ယုံတာလဲ?ဘယ်လောက်ထိ ယုံသလဲ?
ကိုယ်တိုင်ပိုင်းခြားပြီး ဖြေကြည့်ကြ။
သာသနာနဲ့တွေ့ခိုက် မရှုံးစေနဲ့ ။
သစ္စာမသိတာ ကြောက်စရာ အကောင်းဆုံး
ရထားတဲ့ ဘဝတန်ဖိုးကို
ကောင်းကောင်း အသုံးချတတ်မှ လူ။
ပုထုဇဉ်ဆိုတာ အင်မတန်စပ်စုတယ်
လျှာရှည်တယ် အငြိမ်မနေဘူး
သူများအတင်း ပြောတယ်
ကိုယ့်အကြောင်း မကြည့်ဘူး
သူများအကြောင်း ကြည့်တယ်
အဲဒါ ပုထုဇဉ် အရူး။
ဘဝကူးကောင်းအောင် မလုပ်ပါနဲ့
ဘဝပြတ်အောင် လုပ်ပါ။
ဒါနက သံသရာရှည်တာ မဟုတ်ဘူး
ဒါနနောက်က အသိမလိုက်လို့
သံသရာရှည်တာ။
" ဓမ္မကထိက ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ "

Tuesday, February 7, 2017

နူနာစွဲကပ်ခံရသော သမိတိဂုတ္တမ မထေရ်၏ နှုတ်ကြမ်းဝဋ်ကြွေး 

သမိတိဂုတ္တမ မထေရ်လောင်းသည် ၀ိပဿီ
ဘုရားလက်ထက်တွင် အမျိုးကောင်းသားတစ်ဦး
ဖြစ်ခဲ့လေပြီး   ဘုရားရှင်ကို ဖူးတွေ့ရသောအခါ
ကြည်ညိုသဖြင့်   မြတ်လေးပန်းများဖြင့် ပူဇော်ခဲ့
သည်။

ထိုကုသိုလ်ကြောင့် ဖြစ်လေရာ ဘ၀တိုင်းဝယ် အ
မျိုး၊ အဆင်း၊ အခြံအရံတို့နှင့်ပြည့်စုံကာ သူမတူ
အောင်နေထိုင်ခဲ့ရသည်။

ထို့နောက် ဘ၀တစ်ခုတွင် နှုတ်သရမ်းသော
အမျိုးသားဖြစ်ပြီး သင်္ကန်းခြုံ၍ဆွမ်းခံလှည့်လည်
လာသောပစ္စေကဗုဒ္ဓါတစ်ပါးကိုတွေ့မြင်လေလျှင်
နှုတ်ကသရမ်းပြီး

ဤ ကတုံးရဟန်း နူနေပုံရသည်။ နူနေသည့်အ
တွက် သင်္ကန်းကိုရုံကာ လှည့်လည်လာတာဖြစ်
လိမ့်မည်ဟုစွပ်စွဲပြီး တံတွေးနဲ့ ထွီကနဲထွေးကာ
ထွက်ခွါသွားလေသည်။ ထိုအမျိုးသားသည် ထို
နှုတ်ထွက် ၀စီကံကြောင့် ငရဲ၌အချိန်ကြာမြင့်စွာ
ခံခဲ့ရသည်။

  ကဿပ ဘုရားရှင်လက်ထက်တွင် လူလာဖြစ်
ပြန်သည်။ အရွယ်ရောက်သော် ပရဗိုဇ်ရဟန်းပြု
ကာတစ်နေ့တွင် အကျင့်သီလနှင့်ပြည့်စုံသော ဥ
ပါသကာတစ်ယောက်ကို စိတ်အလိုမကျဖြစ်ကာ
ဒေါသထွက်ပြီး လူနူဟူ၍ ဆဲရေးလေသည်။

ယခုဂေါတမ ဘုရားရှင်လက်ထက်တွင် သာဝတ္ထိ
မြို့၌ မထင်ရှားသော ပုဏ္ဏားတစ်ယောက်၏သား
လာဖြစ်သည်။ မိဘတို့က သမိတိဂုတ္တအမည်ပေး
ခဲ့သည်။

သမိတိဂုတ္တသည် အရွယ်ရောက်လတ်သော်
ဘုရားရှင်၏  တရားကို နာကြားရပြီး သဒ္ဓါတရား
ဖြစ်ကာရဟန်း ပြုလေသည်။   သီလကို အလွန်
စင်ကြယ်အောင်စောင့်ထိန်းလေ့ရှိသည်။

အတိတ်ဘ၀ များစွာက ပစ္စေကဗုဒ္ဓါကို လူနူဟု
စွပ်စွဲ ကဲ့ရဲ့မှု၊ သီလရှိသောဥပါသကာကို လူနူဟု
ဆဲရေးမှု  အကုသိုလ် ၀စီနှုတ်ထွက်ကြောင့် နူနာ
ရောဂါစွဲကပ်ခံရလေသည်။

နူနာရောဂါကြောင့် မထေရ်၏ကိုယ်မှအနာများ
ကွဲပြတ်ကာ အရည်များယိုစီးကျသောကြောင့်
ဂီလာန အဆောင်တွင်နေရသည်။

တစ်နေ့တွင် ရှင်သာရိပုတ္တရာသည် လူနာလာ
မေးရင်း  ငါ့ရှင် ခန္ဓာ ရှိနေသမျှ ကာလပတ်လုံး
ဝေဒနာရှိနေမည်သာဖြစ်သည်။ ခန္ဓာ မရှိမှသာ
ဒုက္ခဝေဒနာမရှိမည်ဟု ဝေဒနာ နုပဿနာကမ္မ
ဋ္ဌာန်းကိုဟောတော်မူသည်။

သမိတိဂုတ္တမထေရ်သည် အရှင်သာရိပုတ္တရာ
၏သြ၀ါဒကိုခံယူ၍ ၀ိပဿနာတရားအားထုတ်
ရာ မကြာခင်   ဆဠာဘိညာ ရဟန္တာဖြစ်သွားရ
သည်။

ပါရမီရှင်ရဟန္တာပင်ဖြစ်စေကာမူ အတိတ်ဘဝ
ကပြောဆိုမိခဲ့သော ၀စီနှုတ်ထွက်ကြမ်းစကား
သည် ယခုဘ၀တွင်  ကံကြွင်းအဖြစ် လိုက်လံ
အကျိုးပေးသည်ကို သတိပြုကြပါ။

သမိတိဂုတ္တထေရဂါထာ။
တက္ကသိုလ်သျှင်သီရိ