Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Wednesday, August 24, 2016

ငလျင်​လှုပ်​​ကြောင်း ရှစ်​ပါး

ငလျင်လှုပ်ကြောင်း ရှစ်ပါး

၁။ ။ဤမဟာပထဝီမြေကြီးသည် ရေ၌တည်၍ ရေသည်လေ၌ တည်ပြီး လေသည် ကောင်းကင်၌ တည်သဖြင့် ပြင်းထန်စွာလေတိုက်သော အခါ ရေကိုလှုပ်စေပြီး ထိုရေလှုပ်သောကြောင့် မြေလှုပ်ရခြင်း ။

၂။ ။ကြီးသောတန်ခိုးအာနုဘော်ရှိသော သမဏ ဗြဟ္မဏတို့ သည်လည်းကောင်း နတ် ဗြဟ္မာတို့သည်လည်းကောင်း အားနည်းသော (မြေ)ပထဝီ ကသိုဏ်းဈာန်နှင့် အားကြီးသော (ရေ)အာပေါကသိုဏ်းဈာန် တို့ကို ပွါးများလျက် ဤမဟာပထဝီမြေကြီးကို လှုပ်စေခြင်း

၃။ ။ ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေလျက် အမိဝမ်းတိုက်သို့ သက်ရောက်အခါ၌ ဤမဟာပထဝီမြေကြီးသည် သွက်သွက်ခါအောင် ပြင်းထန်စွာလှုပ်ခြင်း

၎။ ။ ဘုရားအလောင်းသည် အမိဝမ်းတိုက်မှ ဖွါးမြင်တော်မူသောအခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၅။ ။ မြတ်စွာဘုရားသည် အမြတ်ဆုံး သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၆။ ။ မြတ်စွာဘုရားသည် အမြတ်ဆုံး ဓမ္မစကြာ တရားတော်ကိုဟောတော်မူသော အခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၇။ ။ မြတ်စွာဘုရား အာယုသင်္ခါရလွှတ်တော်မူသော အခါ၌ တုန်လှုပ်ခြင်း

၈။ ။ မြတ်စွာဘုရားသည် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသော အခါ၌ သွက်သွက်ခါအောင် ပြင်းစွာတုန်လှုပ်ခြင်း

(အံ၊၃။၁၃၁) (အံ၊မြန်၊၃။၁၃၄)

No comments:

Post a Comment