" ဘဝအတွက် အဖိုးတန် အဆုံးအမများ "
ဓနကြောင့် မာနတက်တဲ့ နေ့
ဓန ပျောက်တဲ့ နေ့ ။
ဓန ပျောက်တဲ့ နေ့ ။
အလှကြောင့် မာနတက်တဲ့ နေ့
အလှ ပျောက်တဲ့ နေ့ ။
အလှ ပျောက်တဲ့ နေ့ ။
နေရာကြောင့် မာနတက်တဲ့ နေ့
နေရာ ပျောက်တဲ့ နေ့ ။
နေရာ ပျောက်တဲ့ နေ့ ။
ပညာကြောင့် မာနတက်တဲ့ နေ့
ပညာ ပျောက်တဲ့ နေ့ ။
ပညာ ပျောက်တဲ့ နေ့ ။
အလုပ်ကြောင့် မာနတက်တဲ့ နေ့
အလုပ် ပျောက်တဲ့ နေ့ ။
အလုပ် ပျောက်တဲ့ နေ့ ။
သီလစောင့်မှ အူမတောင့်မယ်
အူမတောင့်အောင် သီလစောင့်ကြပါ ။
အူမတောင့်အောင် သီလစောင့်ကြပါ ။
ငတ်သေရင် တစ်ဘဝပဲ
သီလပျက်ရင် ဘဝများစွာ သေရမယ် ။
သီလပျက်ရင် ဘဝများစွာ သေရမယ် ။
အသုဘခန္ဓာကြီးအတွက် အကုသိုလ်နဲ့
မလုပ်ကျွေးပါနဲ့ အများစားပြီး
တစ်ယောက်ထဲ ခံရလိမ့်မယ် ။
မလုပ်ကျွေးပါနဲ့ အများစားပြီး
တစ်ယောက်ထဲ ခံရလိမ့်မယ် ။
အကောင်းအဆိုး အကြောင်း အကျိုး
အမှား အမှန် ပိုင်းခြား သိတာ ညဏ်
အမှား အမှန် ပိုင်းခြား သိတာ ညဏ်
တရားမသိရင် အသိတရား မရှိဘူး
အသိတရား မရှိရင်
တရားနဲ့လျော်စွာ မနေတတ်ဘူး ။
အသိတရား မရှိရင်
တရားနဲ့လျော်စွာ မနေတတ်ဘူး ။
တရားနဲ့လျော်စွာ မနေတတ်ရင်
အပြစ် မကင်းဘူး ။
အပြစ် မကင်းရင် ဆင်းရဲမယ်
မဆင်းရဲချင်ရင် တရားသိအောင်လုပ် ။
အပြစ် မကင်းဘူး ။
အပြစ် မကင်းရင် ဆင်းရဲမယ်
မဆင်းရဲချင်ရင် တရားသိအောင်လုပ် ။
ကုသိုလ်ဆိုတာ
လောဘ ဒေါသ မောဟ မပါတဲ့ အလုပ် ။
လောဘ ဒေါသ မောဟ မပါတဲ့ အလုပ် ။
ဖြစ်သမျှအကြောင်း
မကောင်း ကောင်းအောင်လုပ်ကြ ။
မကောင်း ကောင်းအောင်လုပ်ကြ ။
ကာယကံ ဝစီကံ မနောကံ ပြုတိုင်းပြုတိုင်းမှာ
တရားနဲ့လျှော်အောင် ကျင့်ကြံနေထိုင်ပါ ။
တရားနဲ့လျှော်အောင် ကျင့်ကြံနေထိုင်ပါ ။
ချစ်ခြင်း မုန်းခြင်း ကင်းအောင် ကျင့်ကြ
မချစ်တတ် မမုန်းတတ်မှ
သံသယဝဋ်ဆင်းရဲက လွှတ်ကင်းနိုင်မယ် ။
မချစ်တတ် မမုန်းတတ်မှ
သံသယဝဋ်ဆင်းရဲက လွှတ်ကင်းနိုင်မယ် ။
ဘုရားကို ယုံသလား?တရားကို ယုံသလား?
သံဃကို ယုံသလား?ဘာကြောင့် ယုံသလဲ?
ဘယ်လို ယုံတာလဲ?ဘယ်လောက်ထိ ယုံသလဲ?
ကိုယ်တိုင်ပိုင်းခြားပြီး ဖြေကြည့်ကြ။
သံဃကို ယုံသလား?ဘာကြောင့် ယုံသလဲ?
ဘယ်လို ယုံတာလဲ?ဘယ်လောက်ထိ ယုံသလဲ?
ကိုယ်တိုင်ပိုင်းခြားပြီး ဖြေကြည့်ကြ။
သာသနာနဲ့တွေ့ခိုက် မရှုံးစေနဲ့ ။
သစ္စာမသိတာ ကြောက်စရာ အကောင်းဆုံး
ရထားတဲ့ ဘဝတန်ဖိုးကို
ကောင်းကောင်း အသုံးချတတ်မှ လူ။
သစ္စာမသိတာ ကြောက်စရာ အကောင်းဆုံး
ရထားတဲ့ ဘဝတန်ဖိုးကို
ကောင်းကောင်း အသုံးချတတ်မှ လူ။
ပုထုဇဉ်ဆိုတာ အင်မတန်စပ်စုတယ်
လျှာရှည်တယ် အငြိမ်မနေဘူး
သူများအတင်း ပြောတယ်
ကိုယ့်အကြောင်း မကြည့်ဘူး
သူများအကြောင်း ကြည့်တယ်
အဲဒါ ပုထုဇဉ် အရူး။
လျှာရှည်တယ် အငြိမ်မနေဘူး
သူများအတင်း ပြောတယ်
ကိုယ့်အကြောင်း မကြည့်ဘူး
သူများအကြောင်း ကြည့်တယ်
အဲဒါ ပုထုဇဉ် အရူး။
ဘဝကူးကောင်းအောင် မလုပ်ပါနဲ့
ဘဝပြတ်အောင် လုပ်ပါ။
ဒါနက သံသရာရှည်တာ မဟုတ်ဘူး
ဒါနနောက်က အသိမလိုက်လို့
သံသရာရှည်တာ။
ဘဝပြတ်အောင် လုပ်ပါ။
ဒါနက သံသရာရှည်တာ မဟုတ်ဘူး
ဒါနနောက်က အသိမလိုက်လို့
သံသရာရှည်တာ။
" ဓမ္မကထိက ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ "
No comments:
Post a Comment