Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Thursday, August 25, 2016

ငရဲနဲ့နတ်​ပြည်

ငရဲနဲ့နတ်ပြည်
တစ်ခါတုန်းက ကျေးလက်က တောရွာတစ်ရွာမှာ
တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါးရှိခဲ့ဖူးတယ်။
ဆရာတော်ဟာ အရပ်တော်က ပုပြီး ကိုယ်ခန္ဓာကလည်း
သေးကွေးတဲ့အတွက် ရွာထဲကလူတွေက ဘုန်းဘုန်းလေး
လို့ခေါ်ကြတယ်။ ဘုန်းဘုန်းလေးဟာ ခန္ဓာကိုယ်က ပုသေး
သေးလေးဖြစ်ပေမယ့် တန်ခိုးကတော့ အင်မတန်ကြီးမား
သတဲ့။

ဘုန်းဘုန်းလေးဟာ တစ်ခါတစ်ရံတောအုပ်တွေပေါ်က
ကျော်ပြီး ဆွမ်းခံကြွလာတတ်သလို တစ်ခါတစ်ရံမြစ်ပြင်
ပေါ်မှာ လမ်းလျှောက်ပြီးလည်း ဆွမ်းခံကြွလာတတ်တယ်။
ဒီရွာမှာ အမြဲတမ်းလိုလိုဆွမ်းခံကြွနေပေမယ့် ဘုန်းဘုန်း
လေးဘယ်မှာ သီတင်းသုံးတယ်ဆိုတာ ဘယ်သူမျှမသိရ
ဘူးတဲ့။ ဘုန်းဘုန်းလေးဟာ စကားနည်းပြီး ပြောရင်လည်း
တိုတိုကျဉ်းကျဉ်းဖြစ်ပေမယ့် အနက်အဓိပ္ပါယ်က အင်မတန်
မှကျယ်ပြန့်သတဲ့။

ဥပမာဆိုရင် တစ်ခါက အသက်(၈၀)လောက်ရှိပြီဖြစ်တဲ့
အငြိမ်းစားယူထားတဲ့ အစိုးရအရာရှိကြီးတစ်ဦးဟာ
ဘုန်းဘုန်းလေးရဲ့ အင်မတန်ကျော်ကြားလှတဲ့ ဂုဏ်သတင်း
ကြောင့် ဆွမ်းခံကြွမယ့်လမ်းမှာ လာရောက်စောင့်မျှော်ပြီး
ဖူးတွေ့ကန်တော့သတဲ့။ လှူဖွယ်တွေလှူဒါန်းပြီးတဲ့အခါ
ဆရာတော်ဘုရား တပည့်တော်အတွက်တစ်သက်တာ မှတ်
လောက်စရာ သြ၀ါဒစကား ဟောကြားချီးမြှင့်တော်မူပါလို့
လျှောက်ထားတဲ့အတွက် ဆရာတော်က မကောင်းမှုရှောင်
ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားလို့ မိန့်ကြားလိုက်
ပါတယ်။

ဘုန်းဘုန်းလေးရဲ့ရိုးစင်းလှတဲ့ သြ၀ါဒစကားကို ကြားလိုက်
ရတဲ့အတွက် အရာရှိကြီးဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်
သလိုပုံစံမျိုးနဲ့ အရှင်ဘုရား ဒီလိုတရားစကားမျိုးတော့
တပည့်တော် (၈)နှစ်သားအရွယ်ကတည်းက ကြားဖူးပါ
တယ်ဘုရားလို့ ပြန်လည်လျှောက်ထားသတဲ့။ အဲဒီအခါ
ဘုန်းဘုန်းလေးက ရှစ်နှစ်သားအရွယ်ကတည်းကကြား
ဖူးတဲ့ တရားစကားကို အသက်ရှစ်ဆယ်အရွယ်ရောက်
တာတောင် လက်တွေ့လိုက်နာဖို့ မလွယ်ကူသေးဘူး
မဟုတ်သေးဘူးမလားလို့ ထပ်ဆင့်မိန့်ကြားတော်မူပါ
တယ်။ အဲဒီအခါကျမှ အရာရှိကြီးဟာ မှန်လှပါ၊ မှန်လှပါ၊
တပည့်တော်နားလည်ပါပြီဘုရားလို့ ပျာပျာသလဲလဲဝန်ခံ
သတဲ့။

ဒီလိုနဲ့ တစ်နေ့တော့ ဘုန်းဘုန်းလေးထံကို ဓါးပြဗိုလ်ကြီး
တစ်ဦးရောက်လာတယ်။ အဲဒီဓါးပြဗိုလ်ကြီးဟာ လုယက်
သတ်ဖြတ်ရာမှာ အညှာအတာကင်းရက်စက်လွန်းလို့
အင်မတန်နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။
ဘုန်းဘုန်းလေးထံရောက်လာတဲ့ ဓါးပြဗိုလ်ကြီးက
ဆရာတော်ဘုရား လောကမှာ နတ်ပြည်နဲ့ငရဲပြည်ဆိုတာ
တကယ်ရှိပါသလား။ ရှိရင် ငရဲနဲ့နတ်ပြည်အကြောင်းတပည့်
တော်ကို သင်ပြပေးပါဦးလို့ မေးမြန်းလျှောက်ထားသတဲ့။
အဲဒီအခါ ဘုန်းဘုန်းလေးက ဓါးပြဗိုလ်ကြီးရဲမျက်နှာကို
စေ့စေ့ကြည့်ပြီး မင်းလိုသူတစ်ပါးတွေရဲ့အသက်ကို
ရက်ရက်စက်စက်သတ်ဖြတ်ပြီး သူများစည်းစိမ်ချမ်းသာ
တွေကို လုယက်ခိုးယူနေတဲ့သူတစ်ယောက်ကို နတ်ပြည်
အကြောင်း သင်ပြပေးလို့ဘာအဓိပ္ပါယ်ရှိမှာလဲ အပိုပဲပေါ့
လို့ မိန့်ကြားလိုက်ပါတယ်။ ဘုန်းဘုန်းလေးရဲ့မညှာမတာ
မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ ဓါးပြ
ဗိုလ်ကြီးဟာ တစ်ခါတည်း မျက်စိမျက်နှာပျက်ပြီး လက်
တွေ တဆတ်ဆတ်တုန်လာအောင် ဒေါသတွေထွက်
လာတယ်။

ပြီးတော့ ဆူပွက်နေတဲ့ သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ
ဒီလောက် မိုက်ရိုင်းတဲ့ ကိုယ်တော်ကို ခေါင်းဖြတ်သတ်ပစ်
တာပဲ နားအေးတယ်ဆိုပြီး ဆောင်ဓါးကိုထုတ်ကာ ဘုန်းဘုန်း
လေးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်တယ်။
အဲဒီအခါ ဘုန်းဘုန်းလေးက အဲဒါငရဲပဲ။ မင်းအတွက် ငရဲ
တံခါးကြီးပွင့်သွားပြီလို့ အမိန့်ရှိပါတယ်။

အဲဒီတော့မှ ဘုန်းဘုန်းလေး သူ့အသက်နဲ့ရင်းပြီး သူနားလည်
အောင် ငရဲရဲ့သဘာဝကို သင်ပြပေးလိုက်တာပဲလို့ ဓါးပြဗိုလ်
ကြီးဟာ သဘောပေါက်သွားတယ်။ ဒါ့ကြောင့်မြှောက်ချီထားတဲ့
ဆောင်ဓါးကို မြေကြီးပေါ်မှာ အသာအယာချပြီး လက်အုပ်ချီ
ကာ ကျေးဇူးကြီးလိုက်တာ အရှင်ဘုရား၊ ခွင့်လွှတ်တော်မူပါ
ဘုရားလို့ လျှောက်ထားတောင်းပန်ရင်း ဦးသုံးကြိမ်ချကန်တော့
လိုက်ပါတယ်။

အဲဒီအခါ ဘုန်းဘုန်းလေးက အဲဒါနတ်ပြည်ပဲ ဒကာကြီး
အတွက် နတ်ပြည်တံခါးပွင့်သွားပြီလို့ ထပ်မံအမိန့်ပေးလိုက်
ပါတယ်။

ဒီဓမ္မပုံပြင်ကလေးဟာ ငရဲနဲ့နတ်ပြည်ရဲ့သဘာဝကိုလူပြိန်း
နားလည်လွယ်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ
ဖြစ်ပါတယ်။ ငရဲနဲ့နတ်ပြည်ရဲ့အတိအကျသဘာဝကိုတော့
အဘိညာဉ်ရသူများသာ အပြည့်အစုံ သိနိုင်ကြမှာပါ။
နတ်ပြည်နဲ့ငရဲဆိုတာ ဘုံ၊ နေရာ၊ ဌာနတွေရဲ့အခေါ်ဝေါ်
တွေဖြစ်ပေမယ့် ဒီနာမည်တွေမှာ ခံစားမှုပိုင်းဆိုင်ရာ
စိတ်ရဲ့အခြေအနေတွေက အများကြီးလွှမ်းမိုးနေပါတယ်။
ချမ်းသာမှုကင်းမဲ့တဲ့ အခြေအနေဖြစ်ရာဌာနဟာ ငရဲဖြစ်ပြီး
ချမ်းသာမှုပြည့်စုံတဲ့ အခြေအနေ ဖြစ်ရာဌာနဟာ နတ်ပြည်
ပဲဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ဖော်ဆောင်မှုဟာ ငရဲနဲ့နတ်ပြည်
ဟာ သေလွန်ပြီးနောက် တမလွန်ဘ၀ရောက်မှတွေ့ကြုံ
ခံစားရမယ့်အရာတွေပဲလို့ လွဲမှားစွာတွေးခေါ်နေသူတွေ
ကို အမြင်မှန်ရစေမှာဖြစ်သလို ဒီဘ၀ ဒီကိုယ်စံ၊ နောက်ဘဝ
နောက်ကိုယ်ခံလိမ့်မယ်ဆိုတဲ့ မကောင်းတဲ့ဝါဒကိုလည်း
စင်ကြယ်စေနိုင်ပါလိမ့်မယ်။

တကယ်တော့ ငရဲကျတယ်ဆိုတာ မကောင်းမှုအကုသိုလ်
ဒုစရိုက်ကိုကျူးလွန်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့
အဲဒီမကောင်းမှုအကုသိုလ်ရဲ့အပြစ်ကို ခုချဆတ်ဆတ်
ခံစားရတာကို ဆိုလိုတာပါ။ အဲဒီလိုပါပဲ။ နတ်ပြည်ရောက်
တယ်ဆိုတာလည်း ကောင်းမှုကုသိုလ်သုစရိုက်ကိုအားထုတ်
ပြုလုပ်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့ အဲဒီကောင်းမှု
ကုသိုလ်ရဲ့အကျိုကို မုချဆတ်ဆတ် ခံစားရတာကိုဆိုလို
တာပါ။

နတ်ပြည်နဲ့ငရဲဟာ တမလွန်ဘ၀နဲ့အကျုံးဝင်သလိုပစ္စုပ္ပန်
ဘ၀နဲ့လည်း သက်ဆိုင်ပါတယ်။ ကုသိုလ်ကောင်းမှုကြောင့်
ဒီဘ၀ကျေနပ်ကြည်နူးရတဲ့ပီတိဟာ ပစ္စုပ္ပန်နတ်ပြည်ဖြစ်ပြီး
နောက်ဘ၀ ကောင်းစားရတဲ့ အခြေအနေဟာ တမလွန်
ဘ၀ နတ်ပြည်ဖြစ်ပါတယ်။ အကုသိုလ်မကောင်းမှုကြောင့်
ဒီဘ၀ပူပန်ဆင်းရဲရတဲ့နောင်တဟာ ပစ္စုပ္ပန်ငရဲဖြစ်ပြီးနောင်
ဘ၀တွေ့ကြုံရမယ့်ဆိုးဝါးလှတဲ့ အခြေအနေဟာ တမလွန်
ဘ၀ငရဲဖြစ်ပါတယ်။

ပုံပြင်ထဲက ဘုန်းဘုန်းလေးပြောပြသလိုပဲ နတ်ပြည်နဲ့ငရဲ
မျိုးစေ့ဟာ မိမိတို့ရဲ့နှလုံးသားမှာ ကိန်းအောင်းနေတာမို့
မိမိတို့နဲ့ အနေဝေးလှတာမဟုတ်ပါဘူး။ ရင်ထဲမှာရှိတဲ့
ဒီမျိုးစေ့ကိုပဲ ကုသိုလ်ရေစင်နဲ့သွန်းဖျန်းလိုက်တဲ့အခါ
နတ်ဘုံဗိမာန်တွေပေါ်ပေါက်လာပြီး အကုသိုလ်အဆိပ်
ရေတွေနဲ့လောင်းလိုက်တဲ့အခါ ငရဲကြီးရှစ်ထပ်ပေါ်ပေါက်
လာတာပဲ ဖြစ်ပါတယ်။

အကြောင်းရှိမှအကျိုးထင်တတ်တဲ့လောကကြီးမှာအကျိုး
တရား သက်သက်ဖြစ်တဲ့ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ်
တော့ ဘာမျှပြဿနာမဟုတ်ပါဘူး။ အကြောင်းအကျိုးကို
ကိုယ်လိုသလိုဆွဲယူချင်တာကသာ ပြဿနာဖြစ်ပါတယ်။
စိတ္တေန နိယတေ လောကော= လောကကြီးကို စိတ်က
ဖန်ဆင်းတယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဆိုမိန့်ချက်ရှိပါတယ်။
ဒါ့ကြောင့် နတ်ပြည်ရော ငရဲပါ (၃၁)ဘုံသောလောကကြီး
ဟာ လူ့စိတ်တွေက ဖန်ဆင်းထားတဲ့ တကယ့်အရှိတရား
တစ်ခုဖြစ်တယ်ဆိုတာ လွတ်လပ်ပွင့်လင်းတဲ့စိတ်ထားနဲ့
ရိုးသားစွာ လက်ခံလိုက်ရင် ပြဿနာအားလုံးရှင်းလင်း
သွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၀၄ခုနှစ် သြဂုတ်လ

Wednesday, August 24, 2016

ငရဲပြည်​မှာ အမှုထမ်းရ​သော ယမမင်း အ​ကြောင်း

ငရဲပြည်မှာ အမှုထမ်းရသော ယမမင်း အကြောင်း


ငရဲဘုံရှိ ယမမင်း( ငရဲမင်း ) ဆိုတာ ဘုရားဟော ဟုတ်မဟုတ် နှင့် ယမမင်းနှင့် ငရဲထိန်းတို့သည် အဘယ့်ကြောင့် ငရဲပြည်မှာ အမှုထမ်းရသနည်း ?


(မေး)
ဆရာတော် အရှင်သူမြတ်ဘုရား

ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက်ထိုလူ သွားရောက် ရမည့် ဘဝကို မေးမြန်းစစ်ဆေးပြီးဆုံးဖြတ်ပေးသည့် ယမမင်း ဆိုသည်ကို ကြားဖူးပါသည်။

ယမမင်း ဘယ်နှစ်ယောက် ရှိသလဲ။ဘယ်မှာ နေသလဲ။ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့်ယမမင်း ဖြစ်ရသလဲ။

ယမမင်းဆိုတာကိုဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟောကြားခဲ့သလားဆိုသည်တို့ကို သိလိုပါသည်ဘုရား။

ယမမင်းနှင့်ပတ်သက်သည့် ကျမ်းဂန်ထွက် ဗဟုသုတအဖြာဖြာကို မျက်မှောက်ခေတ် အမြင်နှင့်ရောစပ်၍ ဖြေကြားပေးစေချင် ပါသည်ဘုရား။

(ဖြေ)
“ယမမင်း”

“ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုညာဏ်ဖြင့်ငရဲသို့ကျ ရောက်သော သတ္တဝါတို့ကို မြင်တော်မူ၏။
လူ့ဘဝတွင် မကောင်းမှုကို ပြုသောကြောင့်ငရဲသို့ရောက် လာသူအား ငရဲထိန်းတို့ကယမမင်းထံ ခေါ်သွား၏။
ထိုအခါ ယမမင်းက သင်သည် လူ့ဘဝမှာရှိစဉ်-
“မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်)လောကပြစ်ခံ ရခြင်း နှင့် သေခြင်း”  ဟူသောနတ်တမန် ငါးယောက်တို့ ရောက်လာသည် ကိုသတိပြုမိပြီး ကောင်းမှုတွေ ပြုခဲ့ရဲ့လောဟု စစ်မေး၏။

မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည်မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ မကောင်းမှုကို ပြုခဲ့ပြီ။ သင်ပြုလုပ်သည့် အကုသိုလ်မှုကို မည်သူ မျှ အစားခံလို့မရ။ သင်သာလျှင် ခံရလိမ့်မည်ဟု ဆိုပြီး ဆိတ်ဆိတ်နေ၏။

ယင်းနောက် ငရဲထိန်းတို့သည် ထိုသူအား တံခါး လေးခု ရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ ထိုသူ သည် အကုသိုလ်ကံ၏ အကျိုးပေး မကုန်သရွေ့
ထိုငရဲ၌ ခံနေရ၏ (မ ၃၊ ၁၈၆)”။

“ယမမင်းဟူသည် (စတုမာရာဇ် နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်း ဖြစ်၏။
တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ် ခံစားရပြီး၊ တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။ တရားစောင့်သော မင်းဖြစ်၏။(ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း တစ်ယောက်စီ ရှိ၏ (မ-ဋ္ဌ ၄၊ ၁၈၃)”။

“မိဿ    ကကုသိုလ်”  
                                
(ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့်ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရား အားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏ 
(အံ-ဋီ ၂၊ ၁၁၄)”။

“သိကြားမင်း၏ ဝရဇိန်လက်နက်၊ အာဠာဝကဘီလူး၏ ဘွဲ့ဖြူလက်နက်၊
ဝေဿ    ဝဏ်နတ်မင်း၏ သန်လျက်လက်နက်၊ ယမမင်း၏ (ဒေါသဖြင့်ကြည့် လျှင်ပြာကျစေနိုင်သော)မျက်လုံးလက်နက်ဟု လက်နက်ကြီး လေးမျိုးရှိ၏”။
(သံ-ဋ္ဌ ၁၊ ၂၉၀)

“အဓိပ္ပာယ်တစ်မျိုး”

“သမ္ပယာတောသိ ယမဿ သန္တိကန္တိ မရဏမုခံဂန္တုံ သဇ္ဇော ဟုတွာ ဌိတောသီတိ အတ္ထော
(ဓမ္မပဒ-ဋ္ဌ ၂၊ ၂၁၉)”

အဖွင့်အရဆိုရင် ယမမင်းဆိုတာ သေမင်းလို့အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဘဝသံသရာမှမလွတ်မြောက်သေးသမျှ ယမမင်းရဲ့အာဏာစက်ကွင်းမှ မလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို“ဝေသာယီ”
(ဇာ-ဋ္ဌ ၂၊ ၂၈၈) လို့လည်း နာမည်တစ်မျိုးနဲ့ ခေါ်ပါတယ်။ ငရဲဘုံနဲ့ ယမမင်း ဆိုတာ ဘုရားဟောပါ။

“လူဖြစ်ချင်သူ”

ယမရာဇသုတ် (အံ ၁၊ ၁၄၀)အရ ယမမင်းဟာအကုသိုလ်မှု ကြောင့် ငရဲသို့ ရောက်လာသူတွေကို ကြည့်ရင်း “ငါသည် လူ့ဘဝကိုရပြီး ဗုဒ္ဓ ဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတရားကို ကြားနာရလို့
တရားထူး ကိုရရင် သိပ်ကောင်း မှာပဲလို့” အကြံ ဖြစ်ပေါ်ဖူးပါသတဲ့။ အဲဒီလို ယမမင်းအကြံ ဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာ သူများ အပြောကြောင့် သိတာ မဟုတ်ဘဲကိုယ်တိုင် (သဗ္ဗညုတညဏ်နဲ့) သိမြင်ပြီး မြွှက်ဆိုတာဖြစ်တယ် လို့လည်း အဲဒီသုတ်မှာ မိန့်ပါတယ်။

(စပ်မိလို့ အသိပေးပါတယ်။ ဆရာကြီး ဂိုအင်ဂါအဖွဲ့ကထုတ်တဲ့ ပိဋကတ် စီဒီရွမ်မှာ ယမရာဇသုတ်ကို ဒေဝဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇသုတ်ရဲ့နောက်ပိုင်းကို ဒုတိယ စတုမဟာရာဇသုတ်လို့
စဉ်ထားတာ တွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ပညာရှင်တို့ ဆင်ခြင်ပါကုန်)။

“ငရဲနှင့် ငရဲထိန်း”

ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့်နှိပ်စက်ညှဉ်းပန်းသူ ငရဲထိန်းများ ရှိ၏
(အဘိ ၄၊ ၄၃၀)။

ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီး နှိပ်စက်က လူမပြုနိုင် (သံ-ဋီ ၂၊ ၈၆)။

ငရဲထိန်းများလည်း ယမမင်းနှင့် အမျိုးဇာတ်တူ၏။ ငရဲမီးဟူသည် ကံကြောင့် ဖြစ်သော ဥတုဇရုပ်ဖြစ်၍ ငရဲခံရမည့်သူများ သာပူပြီး ငရဲထိန်းများမှာမူ ပူလောင်ခြင်း မရှိ။ အကုသိုလ် နည်းနည်းဖြင့် ငရဲသို့ ရောက်လာ သူများကိုသာ စစ်ဆေးခြင်းဖြစ်၏
(ကိုယ်ကျင့်အဘိဓမ္မာ၊ ၂၈၇)။

မူရင်း ပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက် သက်တမ်း အပိုင်း အခြားတွေကိုဖော်ပြထားတာတွေ
ရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ အချို့ လူသားတို့ အနီးမှာ (ဥပမာ လောဟကုမ္ဘီငရဲ)၊ အချို့ မဟာပထဝီ မြေကြီးထဲမှာ၊ အချို့ အာကာသ တစ်နေရာမှာ ရှိတယ်လို့ အဲဒီကျမ်းဂန်ဖော်ပြချက်တွေအရ ဆိုနိုင်ပါတယ်။

“ငရဲထိန်း၊ ငရဲခွေး၊ ငရဲကျီးတို့သည် သက်ရှိသတ္တဝါများ ဖြစ်ကြ၏။ စတုမဟာရာဇ် နတ်မျိုးဖြစ်သော ဘီလူးများသည်
အတိတ်ဘဝ၌ ကုသိုလ်နှင့်အကုသိုလ် ရောနှော ပြုခဲ့သောကြောင့် ငရဲပြည်၌ နတ်ကြမ်း၊ ဘီးလူးကြမ်းများဖြစ်၍ ငရဲသူ ငရဲသားတို့ကိုနှိပ်စက်ကုန်၏ (ကထာဝတ္ထု၊ နိရယပါလကထာ)”။

မန်လည်ဆရာတော်ကြီးက ငရဲထိန်းကို ရက္ခသ(ရက္ခိသ်) မျိုးဟု ဆိုပြီး ဤသို့ သရုပ်ဖော်သည် ...

“မျက်စိကြော့သွေး၊ တွေးတွေးနီမြန်း ကြောင်သန်းတျာတျာ၊ လွန်စွာကျယ်ဘိ
လူပြည်ယှိသား၊ မောင်းကြီ့းအယောင်မျက်တောင်မညိတ်၊ နက်ရောင် ဘိတ်လျက် သပိတ်လုံးနှယ်၊ မျက်လုံးကျယ်နှင့် အစွယ်ပြူးပြူး၊
ငှက်ပျောဖူးသို့ မာန်ရှူးလွန်ဆိုး၊ ရက္ခိသ်မျိုးသည်၊ အုပ်စိုး ကွပ်ကွပ် မှူးမှူးတည်း။

(မဃဒေဝ၊ ပိုဒ်-၄၆၅)။

ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှ ပြန်ပေါ် မလာနိုင်တော့တဲ့ “ထာဝရငရဲ” ဆိုတာ မရှိပါဘူး။ ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ယာယီဖြစ်ရတဲ့ ဘဝတစ်ခုသာ ဖြစ်ပြီး ငရဲကနေ လူ့ဘဝ နတ်ဘဝတွေ ကို ပြန်ရောက်လာပြီး တရားအားထုတ်လို့ ဗောဓိဉာဏ် ကိုတောင်ရနိုင်ပါသေး တယ်။

ဒါဟာ ခွင့်လွှတ်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းနေတဲ့ အင်မတန် လှပတဲ့ ဗုဒ္ဓဒဿ    နပါပဲ။

“သိပ္ပံနှင့် ဒိဗ္ဗစက္ခု”

သိပ္ပံ ဆရာတွေကတော့ Indian Mythology(အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။ ဆိုခွင့်ရှိပါတယ်။ဒါပေမယ့် ယခု ရာစုနှစ်တွေမှာ သိပ္ပံဆရာတွေက ပဲအာကာသ မှာ သက်ရှိလောက ရှိနိုင်တယ်လို့ ဆိုလာကြတယ်။

သိပ္ပံ ဆရာတို့က ကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့
အရည်ရှိတယ်လို့လဲ ဆိုတယ်။ဒီတော့ “အရည်ရှိတဲ့ နေရာတိုင်းမှာ သက်ရှိသတ္တဝါ ရှိတယ်” ဆိုတဲ့ သိပ္ပံနိယာမရယ် ၊ရေဆူမှတ် နီးနီးပူနေ တဲ့ ရေပူစမ်းထဲမှာ ငါးလေးတွေ အသက်ရှင်နေနိုင်တာရယ် တွေကြောင့် အနှီ မြေကြီးထဲက အပူရည်မှာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့ သက်ရှိလောက တစ်ခု မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။

တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ် လောက်ကို ပိုင်ပိုင်နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခုဉာဏ် စွမ်းအင်ကို ခန့်မှန်း နိုင်ပါလိမ့်မယ်။
ဗုဒ္ဓဝါဒီ တစ်ယောက် အနေနဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခု ဉာဏ်စွမ်းအားကို သိပ္ပံဆရာတို့ရဲ့ အသိဉာဏ် နှင့် မနှိုင်းယှဉ်ရဲပါ။

-【ဆရာတော်အရှင်ကေလာသ ၏ “ဓမ္မအမေးအဖြေများ”မှ -ကောက်နှုတ် ကူးယူပူဇော်မျှဝေပါသည်။

ငလျင်​လှုပ်​​ကြောင်း ရှစ်​ပါး

ငလျင်လှုပ်ကြောင်း ရှစ်ပါး

၁။ ။ဤမဟာပထဝီမြေကြီးသည် ရေ၌တည်၍ ရေသည်လေ၌ တည်ပြီး လေသည် ကောင်းကင်၌ တည်သဖြင့် ပြင်းထန်စွာလေတိုက်သော အခါ ရေကိုလှုပ်စေပြီး ထိုရေလှုပ်သောကြောင့် မြေလှုပ်ရခြင်း ။

၂။ ။ကြီးသောတန်ခိုးအာနုဘော်ရှိသော သမဏ ဗြဟ္မဏတို့ သည်လည်းကောင်း နတ် ဗြဟ္မာတို့သည်လည်းကောင်း အားနည်းသော (မြေ)ပထဝီ ကသိုဏ်းဈာန်နှင့် အားကြီးသော (ရေ)အာပေါကသိုဏ်းဈာန် တို့ကို ပွါးများလျက် ဤမဟာပထဝီမြေကြီးကို လှုပ်စေခြင်း

၃။ ။ ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေလျက် အမိဝမ်းတိုက်သို့ သက်ရောက်အခါ၌ ဤမဟာပထဝီမြေကြီးသည် သွက်သွက်ခါအောင် ပြင်းထန်စွာလှုပ်ခြင်း

၎။ ။ ဘုရားအလောင်းသည် အမိဝမ်းတိုက်မှ ဖွါးမြင်တော်မူသောအခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၅။ ။ မြတ်စွာဘုရားသည် အမြတ်ဆုံး သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၆။ ။ မြတ်စွာဘုရားသည် အမြတ်ဆုံး ဓမ္မစကြာ တရားတော်ကိုဟောတော်မူသော အခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၇။ ။ မြတ်စွာဘုရား အာယုသင်္ခါရလွှတ်တော်မူသော အခါ၌ တုန်လှုပ်ခြင်း

၈။ ။ မြတ်စွာဘုရားသည် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသော အခါ၌ သွက်သွက်ခါအောင် ပြင်းစွာတုန်လှုပ်ခြင်း

(အံ၊၃။၁၃၁) (အံ၊မြန်၊၃။၁၃၄)

Friday, August 5, 2016

သတိပါတဲ့ အချစ်​ နဲ့ ချစ်

“သတိပါတဲ့ အချစ် နဲ့ ချစ်”

“အနာဂါမ်” မဖြစ်သရွေ့တော့
အချစ်ဆိုတာ လူသားတိုင်းမှာ ရှိနေကြဦးမှာပါပဲ။
အနာဂါမ် ဖြစ်မှပဲ အဲဒီ “အချစ်”ဆိုတာက
မရှိတော့မှာပါ။
●တစ်ချို့က “အချစ်မရှိဘူး ၊အချစ်မရှိဘူး”
နဲ့ပြောတတ်ကြပေမယ့်၊ အနာဂါမ် မဖြစ်သေးဘူး
ဆိုရင်တော့ စကားလုံးနဲ့ ပြောနေတာပဲ ရှိမှာပါ။
တကယ်မရှိတာမဟုတ်ပါဘူး။
အချစ် က ၃ မျိုးရှိပါတယ်။
●(၁)။ ဝီတိက္ကမ အချစ် =
(အာရုံတစ်ခုခုကို တွေ့ပြီး ကိုယ်နှုတ် ကို
မစောင့်ထိန်းနိုင်တော့ဘဲ ကာယကံမြောက်၊
ဝစီကံမြောက် လွန်ကျူးလိုက်တဲ့ အချစ်)
●(၂)။ ပရိယုဋ္ဌာနအချစ် =
(စိတ်ထဲကပဲ ထကြွသောင်းကျန်းနေတဲ့အချစ်)
●(၃)။ အနုသယ အချစ် =
(သတ္တဝါတွေရဲ့ သန္တာန် မှာ အစဉ်သဖြင့်
ကိန်းနေတဲ့ အချစ်၊ ပဋ္ဋိသန္ဓေကတည်းက
ပါလာတဲ့ အချစ်ပါ။)
လောကကြီးမှာ “အချစ်မရှိတဲ့သူ” ဆိုတာ မရှိပါဘူး။
အရွယ်၊ပညာ၊ဂုဏ် စသည်တွေကိုထောက်ပြီး
“ဝီတိက္ကမ အချစ် နဲ့ ပရိယုဋ္ဌာနအချစ်” သာမရှိရင်နေမယ်။
“အနုသယ အချစ်”ကတော့ ပုထုဇဉ်လူသားတိုင်းရဲ့
သန္တာန်မှာကိုယ်စီရှိနေကြပါတယ်။
အဲဒီအချစ်ကို ဘာနဲ့တားမလဲဆိုရင်. . .
●“ဝီတိက္ကမ အချစ်”ကို သီလနဲ့တားရပါတယ်။
●“ပရိယုဋ္ဌာနအချစ်”ကို သမာဓိနဲ့ တားရပါတယ်။
သမာဓိဖြစ်တဲ့ ကမဋ္ဌာန်း လေးဆယ်ထဲက တစ်ခုခုပွါးနေရင်
တားပြီးသားဖြစ်နေပါတယ်။
●“အနုသယ အချစ်”ကိုတော့ပညာလို့ခေါ်တဲ့
ဝိပဿနာ နဲ့တားရပါတယ်။
ဒါပေမယ့် အနုသယ အချစ်ကို
အကြွင်းမဲ့တော့တားလို့မရပါဘူး။
တဒင်္ဂအနေနဲ့ပဲ တားလို့ရပါတယ်။
ဝင်တယ်၊ထွက်တယ် ၊ ဖောင်းတယ် ၊ ပိန်တယ် စသဖြင့်
ရှုမှာနေဆဲ အခိုက်အတန့်မှာတော့ တဒင်္ဂ အနေနှင့်
တားပြီးသားဖြစ်နေပါတယ်။
ပုထုဇဉ်တွေဆိုတော့ မချစ်ပါနဲ့ ပြောလည်း
ချစ်ကြမှာပါ။ချစ်ပါ။ဘယ်လိုချစ်မလဲ။
ချစ်တဲ့နေရာမှာ သတိပါတဲ့ အချစ်နဲ့
သတိမပါတဲ့ အချစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
အဲဒီတော့ ပုထုဇဉ်ပီပီ ချစ်စရာရှိလို့ ချစ်မယ်
ဆိုရင်လည်း သတိပါနဲ့ အချစ်နဲ့ချစ်ဖြစ်ဖို့ လိုပါတယ်။
သတိပါတဲ့အချစ်ကတော့ ချစ်စရာအာရုံတစ်ခုကိုတွေ့ရင်
ချစ်သင့်သလား၊မချစ်သင့်ဘူးလား
ချစ်အပ်လား၊မချစ်အပ်ဘူးလား။
ကိုယ့်ရဲ့ချစ်ခင်တွယ်တာမှုဟာ
လွန်လွန်ကဲကဲဖြစ်နေလားစသည်ဖြင့်
အသိဉာဏ်ကတွဲတွဲပါနေတတ်ပါတယ်။
ဒီတော့ လောကပြစ်၊သံသရာပြစ်တွေလည်း မဖြစ်တော့ပါဘူး။
အချစ်မှာ အရေးအကြီးဆုံးက လောကပြစ်၊
သံသရာပြစ်မဖြစ်ဖို့က အဓိကပါ။
သတိပါတဲ့အချစ်နဲ့ ချစ်ကြတဲ့သူတွေကို
လောကသဘာဝအရ ဘယ်သူ့မှအပြစ်မမြင်ပါဘူး။
သတိမပါတဲ့ အချစ်နဲ့ချစ်မိရင်တော့
လောကပြစ်၊သံသရာပြစ်တွေကတန်းစီနေသလို၊
ကိုယ့်ပတ်ဝန်းကျင်ကလည်းအပြစ်မျိုးစုံတင်ကြတော့မှာပါ။
အချစ်ကြောင့် ကျောင်းပညာရေးဆုံးရှုံးတာ၊
အချစ်ကြောင့် ဘဝရည်မှန်းချက်ကိုစွန့်လွှတ်လိုက်ရတာ၊
အချစ်ကြောင့် အချိန်တွေ အလဟဿ ကုန်ဆုံးရတာ၊
အချစ်ကြောင့် အလုပ်တွေဆုံးရှုံးလက်လွှတ်လိုက်ရတာ၊
အချစ်ကြောင့် ထောင်ကျရတာ၊
အချစ်ကြောင့် ငရဲကျရတာ စသည်ဖြင့်
ဆိုးကျိုးတွေ အများကြီးပါပဲ။
ဒါတွေဟာ သတိမပါတဲ့ အချစ်နဲ့ ချစ်မိလို့ရတဲ့ဆိုးကျိုးတွေပါ။
တကယ်လို့ အချစ်တစ်ခု ဆုံးရှုံးလိုက်ရတယ်။
ဘာဖြစ်လဲ။လူဆိုတာ အချစ်တစ်ခုတည်းနဲ့
အသက်ရှင်နေတာမှ မဟုတ်တာ။
တခြား ယုံကြည်ချက်တွေလည်း ရှိနေသေးတာပဲ။
အဲဒီယုံကြည်ချက်တွေနဲ့ ဘဝကို တည်ဆောက်လိုက်ရုံပဲပေါ့။
အချစ်ဆိုတာဘဝမှာ တစ်သက်လုံး ပြဋ္ဌာန်း
မနေသင့်ပါဘူး။ဘဝရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ပဲရှိနေသင့်ပါတယ်။
ဝိရဇ=ရာဂစတဲ့မြူမရှိအောင် နေခြင်း ဟာ မင်္ဂလာပါတဲ့။
ရာဂစတဲ့ကိလေသာတွေကို မြူနဲ့ တင်စားပြီးပြောထားတာပါ။
ပကတိမြူတွေဟာ ကိုယ်ပေါ်ကျရင် ညစ်ပေညစ်နွမ်းရသလို၊
ရာဂစတဲ့ ကိလေသာတွေ ကိုယ့်သဏ္ဌာန်မှာ
ကျရောက်လာရင်လည်း စိတ်ကော၊ရုပ်ကော
ညစ်နွမ်းရတော့တာပါ။
“ရာဂ” စတဲ့ မြူများများရှိတဲ့သူဟာ များများညစ်နွမ်းရမယ်။
နည်းနည်းရှိတဲ့သူဟာ နည်းနည်းပဲညစ်နွမ်းရမယ်။
လုံးဝမရှိတော့ရင် မညစ်နွမ်းတော့ပါဘူး။
ရာဂစတဲ့ မြူရှိသရွေ့ သံသရာမှာကျင်လည်နေရဦးမှာပါ။
သံသရာမှာကျင်လည်နေသရွေ့တော့ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့
လောကဇာတ်ခုံပေါ်မှာ ကနေရကြဦးမှာပါ။
မြူကင်းချင်တယ် ၊ အချစ်ကင်းချင်တယ်ဆိုရင်တော့
ဝိပဿနာအားထုတ်မှပဲကင်းမှာပါ။
●ဆယ့်ငါးမိနစ် ဝိပဿနာ တရားအားထုတ်လို့
ဆယ့်ငါးမိနစ် အချစ်ကင်းတယ်ဆိုရင်
ဆယ့်ငါးမိနစ်ချမ်းသာမှာပါ။
●နာရီဝက် ဝိပဿနာ တရားအားထုတ်လို့
နာရီဝက် အချစ်ကင်းတယ်ဆိုရင် နာရီဝက် ချမ်းသာမှာပါ။
ချစ်စရာတွေအများကြီးရှိနေတဲ့ ဒီလောကကြီးထဲမှာ
အချစ်မရှိတဲ့ လူသားတစ်ယောက်အဖြစ်
တစ်နေ့ကို ဆယ့်ငါးမိနစ်လောက်ပဲဖြစ်ဖြစ်၊
နာရီဝက်လောက်ပဲဖြစ်ဖြစ်
နေကြည့်သင့်ပါတယ်။
အချစ်မရှိတဲ့လူသားတစ်ယောက်မှာ
ဘယ်လောက်ချမ်းသာတယ်ဆိုတာသိသွားအောင်လို့ပါ။
ပုထုဇဉ်ပီပီ “မချစ်ရရင် မနေနိုင်တာကလွဲလို့”ဆိုရင်လည်း
သတိပါတဲ့ အချစ်နဲ့ ချစ်ဖြစ်လိုက်ဖို့ပါပဲလေ။
-
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-
ကောက်နှုတ် ပူဇော်မျှဝေပါသည်။】

Sunday, July 31, 2016

ဘုရားအ​လောင်း ငရဲကျသည်​မှာ အဘယ်​​ကြောင်းနည်း

ဘုရားအလောင်း ငရဲကျသည်မှာ အဘယ်​​ကြောင့်​နည်း


( ပုထုဇဉ်များ မိမိဝစီကံကို ဆင်ခြင်ဖွယ်)

နိယတဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်းသည် အဝီစိငရဲနှင့် လောကန္တရိက်ငရဲတို့၌ မဖြစ်တော့ စေကာမူ သာမာန်ငရဲတို့၌မူ ဖြစ်တတ်, ကျတတ်ပါတယ်။ ကိလေသာ မကင်းသေး၍ မကောင်းမှုတွေ ပြုမိသောကြောင့် သာမာန် ငရဲကျရပါတယ်။ ဘုရားအလောင်းရဲ့ ငရဲ၌ ဆင်းရဲခံစားခဲ့ရတဲ့ ဝတ္ထုဇာတ်လမ်း များစွာ ရှိပါတယ်။

ကဿပဘုရားရှင်ကို ဘုရားအလောင်း ဇောတိပါလလုလင်က “ဦးပြည်းရဟန်းအား အဘယ်မှာ သဗ္ဗညုတ ဉာဏ်ကို ရပါ့မလဲ? သဗ္ဗညုတဉာဏ်ဆိုတာ အလွန်ရခဲတဲ့ တရားဖြစ်တယ်”လို့ နှိမ့်ချပြောဆိုခဲ့တဲ့မကောင်းမှုကံကြောင့် အရာမက ဘဝများစွာ ငရဲဆင်းရဲအစရှိသည်တို့ကို ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော်, ယင်းအဋ္ဌကထာ(ခု၊ ၃၊ ၃၄၉။ အပဒါန်၊ ဋ္ဌ၊ ၁၊ ၁၂၈)တို့၌ လည်းကောင်း,

လွန်လေပြီးတဲ့ ဘဝတစ်ခု၌ ဘုရားအလောင်းတော်ဟာ သေသောက်ကြူးဖြစ်၍ သဗ္ဗာဘိဘူ ဘုရားရှင်ရဲ့ တပည့် နန္ဒအမည်ရှိတဲ့ တပည့်ရဟန်းတော်အား “ဤရဟန်းသည် သီလမရှိ, ယုတ်မာတဲ့အကျင့်ရှိတယ်" စသည် ဖြင့် စွပ်စွဲ ပြော ဆိုမိတဲ့ အကုသိုလ်ကံကြောင့် အနှစ် တစ်သောင်းတို့ပတ်လုံး ငရဲ၌ ခံရကြောင်း အပဒါန်ပါဠိတော် (ခု၊ ၃၊ အပဒါန၊ ၃၄၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မုနာဠိအမည်ရှိ အရက်သမားဖြစ်၍ သုရဘိ အမည်ရှိတော်မူတဲ့ ပစ္စေကဗုဒ္ဓါအား “ဤရဟန်းသည် ဒုဿီလဘဲ၊ ယုတ်မာတဲ့အကျင့်ရှိတယ်" လို့ ဆဲရေးမိတဲ့ အကုသိုလ်ဝစီကံကြောင့် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇), အပဒါန်အဋ္ဌကထာ (၁၊ ၁၃၃) တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပုဏ္ဏားမျိုး၌ဖြစ်၍ ရသေ့ပြုလုပ်ကာ တပည့်များကို မန္တန်ပို့ချနေစဉ် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးနှင့်ပြည့်စုံတဲ့ ရသေ့တစ်ပါးအပေါ်မှာ မနာလို ဣဿာပွါးလျက် “ဤရသေ့သည် ကာမဂုဏ်ခံစားနေသူဘဲ" ဟု စွပ်စွဲပြောဆိုမိတဲ့ အကုသိုလ်ကံအကျိုးအားဖြင့် အနှစ်တစ်ထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရ ကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇-၃၄၈)နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၄)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဘတူမိကွဲ ညီငယ်ကို ကျောက်ဖြင့် ထုသတ်ခဲ့တဲ့ မကောင်းမှု အကျိုးအားဖြင့် ငရဲစသည်တို့၌ အထောင်မကသောနှစ်တို့ပတ်လုံး ဆင်းရဲ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၈) နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၅)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ်က လမ်းမပေါ်ဝယ် ကစားနေတုန်း ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို မြင်၍ “ဤဦးပြည်းရဟန်းက အဘယ်သို့ သွားမည်နည်း?” လို့ ပြောဆိုကာ ကျောက်စရစ်ခဲဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ ခြေဖမိုး၌ ပစ်ခဲ့တယ်၊ ခြေဖမိုးအရေ ဖြတ်ခွဲ၍ သွေးထွက်ခဲ့တယ်၊ ထိုမကောင်းမှုကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကြီးစွာဒုက္ခ ခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၆-၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဆင်ထိန်းဖြစ်စဉ် ဆင်စီးလျက် လာသောအခါ ခရီးလမ်းမ၌ ပစ္စေကဗုဒ္ဓြွါကို တွေ့မြင်၍ “ဤဦးပြည်းကား အဘယ်မှ လာသနည်း?”လို့ ထိပါးလိုစိတ် ရှိသည်ဖြစ်၍ ဆင်ဖြင့် ထိပါးခဲ့တဲ့ မကောင်းမှုကြောင့် အပါယ်တို့၌ အထောင်မကသော နှစ်တို့ ပတ်လုံး ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပစ္စန္တရစ်မင်းဖြစ်၍ သူယုတ်မာတို့နှင့် ပေါင်းဖော်မိ သဖြင့် တစ်နေ့မှာ သန်လျက်လက်စွဲလျက် မြို့တွင်း၌လှည့်လည်ကာ အပြစ်မဲ့သူတွေကို သံလျက်ဖြင့် သတ်ခဲ့တယ်၊ ထိုမကောင်းမှု အကျိုးအားဖြင့် ထောင်ပေါင်းများစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၉)နှင့် အပဒါန် အဋ္ဌကထာ (၁၊ ၁၃၈)တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ တံငါမျိုး၌ ဖြစ်၍ တစ်နေ့မှာ အခြားတံငါသည်တွေနှင့် အတူ ငါးများသတ်ဖြတ်ရာဌာနသွားရာ ငါးတွေ သတ်နေတာကို မြင်တဲ့အခါ ဝမ်းမြောက်ခြင်း ဖြစ်မိတယ်၊ ထိုအကုသိုလ်ကံ ကြောင့် အပါယ်လေးဘုံ၌ ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၈-၁၃၉)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ဖြစ်၍ မိုက်မဲသည့်အလျောက် ဖုဿဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များ, ကောင်းမြတ်တဲ့ ဆွမ်း, အဖျော်, သလေးဘောဇဉ် စသည်များကို ဘုဉ်း ပေးနေသည်တို့ကို မြင်ရလျှင် “ဟယ် ဦးပြည်းရဟန်းတို့ မယောကြမ်းကို စားကြကုန်လော့, သလေးဘောဇဉ်ကို မစားကြနဲ့" လို့ ဆဲရေးမိခဲ့တယ်၊ ထိုအကုသိုလ်ကံကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး အပါယ်လေးပါး၌ ဆင်းရဲခံစားရကြောင်း အပဒါန် အဋ္ဌကထာ (၁၊ ၁၃၉)၌ လည်းကောင်း လာရှိပါတယ်။

အဲဒီ အပဒါန်ပါဠိတော် ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန်,အဋ္ဌကထာ ဗုဒ္ဓအပဒါန်အဖွင့်တို့၌ လာရှိ သောကြောင့် နိယတဗျာဒိတ်ရ ဘုရားအလောင်းပင် ငရဲကျကြောင်းကို သိရပါတယ်။ ပုထုဇဉ် သာမာန်ဖြစ်သော မိမိတို့မှာမူ ငရဲ၌ ဘယ်နှစ်ခါ ကျခဲ့ဘူးတယ်-ဆိုတာ ပြောဖို့ မလွယ်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ

ဗျာဒိတ်ရပြီးဘုရားအလောင်းတို့မဖြစ်ရာဌာန(၁၈)ပါး
**********************************************

၁။ ပဋိသန္ဓေကန်း မဖြစ်ခြင်း။
၂။ နားပင်းသူ မဖြစ်ခြင်း။
၃။ သွားရေမကျခြင်း။
၎။ အရှုးမဖြစ်ခြင်း။
၅။ လူရိုင်းမဖြစ်ခြင်း။
၆။ ကျွန်မျိုးမဖြစ်ခြင်း။
၇။ နိယတမိစ္ဆာဒိဋ္ဌိမဖြစ်ခြင်း။
၈။ ပဉ္စာနန္တရိယကံမကျူးလွန်ခြင်း။
၉။ အသညသတ်ဗြဟ္မာမဖြစ်ခြင်း။
၁၁။ ငုံးအောက်မငယ် ဆင်ထက်မကြီးတိရစ္ဆာန်ဖြစ်ခြင်း။
၁၂။ နူနာရောဂါမဖြစ်ခြင်း။
၁၃။ စကြာဝဠာတစ်ပါး၌မဖြစ်ခြင်း။
၁၄။ သုဒ္ဓါဝါသဘုံ၌မဖြစ်ခြင်း။
၁၅။ အပါယ်ငရဲမကျခြင်း။
၁၆။ မာရ်နတ်မဖြစ်ခြင်း။
၁၇။ ပြိတ္တာမျိုး၌မဖြစ်ခြင်း။
၁၈။ လိင်ပြန်ရိုးမရှိခြင်း။

တက္ကသိုလ်သျှင်သီရိ(ဓမ္မာစရိယ-ဘီအေ)
ရင်နှစ်သည်းချာသားလိမ္မာမှ
ထိုထဲတွင်ပါသော အပါယ်ငရဲမကျခြင်းဆိုသည်ကို အဝီစိငရဲနှင့် လောကန္တရိက်ငရဲသို့ မကျရောက်ခြင်းဟု မှတ်ယူကြပါကုန်။

Tuesday, July 19, 2016

နိဗ္ဗာန်​မ​ရောက်​​ကြောင်းတရား(၅)ပါး

နိဗ္ဗာန်မရောက်ကြောင်းတရား (၅) ပါး 

(၁) ကုသိတ = မှားယွင်းသော ကြံစည်မှုတို့ဖြင့် ယှဉ်နေခြင်း။

 မှားယွင်းသောကြံစည်မှု (၃) မျိုး 

(က) ကာမဝိတက် = ကာမဂုဏ်တို့ကို ကြံစည်တွေးတောနေခြင်း (လောဘ)။

(ခ) ဗျာပါဒဝိတက် = သူတစ်ပါးတို့၏ ပျက်စီးမှုကို ကြံစည်တွေးတောနေခြင်း (ဒေါသ)။

(ဂ) ဝိဟိံသဝိတက် = သူတစ်ပါးတို့အား ညှင်းဆဲမှုကို ကြံစည်တွေးတောနေခြင်း (ဒေါသ)။

(၂) ဟီနဝီရိယ = လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါး၌ အားထုတ်မှု ကြိုးစားမှုမရှိခြင်း။
(၃) ထိန မိဒ္ဓ ဗဟုလ = ထိုင်းမှိုင်းမှုများခြင်း ကိုယ်စိတ်နှစ်ပါး မကြည်မလင်ဖြစ်မှုများခြင်း။
(၄) အဟိရိက = မကောင်းမှုပြုလုပ်ရမည်ကို မရှက်ခြင်း။

(၅) အနာဒရ = ကောင်းမွန်မှန်ကန်သော အကျင့်မြတ် ပဋိပတ်၌ ရိုသေလိုက်နာမှု မရှိခြင်း။


⇨ ထိုငါးပါးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် မြတ်သောနိဗ္ဗာန်သို့ မရောက်နိုင်။

 နိဗ္ဗာန်ရောက်ကြောင်းတရား (၄) ပါး 

(၁) သမာဓိ = သတိပဋ္ဌာန်လေးပါးတို့၌ အမြဲမပြတ် သတိကပ်နေသူ။

(၂) နိပက = ကမ္မဋ္ဌာန်း၌ မပြတ်အားထုတ်လေ့ရှိသော ဥာဏ်နှင့်ပြည့်စုံသူ။

(၃) ဈာယီ = အာရမ္မဏူပနိဇ္ဇျာန (အာရမ္မန + ဥပနိဇ္ဇျာန) သမထဈာန်
လက္ခဏူပနိဇ္ဇျာန (လက္ခဏာ + ဥပနိဇ္ဇျာန) ဝိပဿနာဈာန်
ယင်းနှစ်ပါးတို့နှင့်ပြည့်စုံသူ

(၄) သံယောဇနံဇာတိဇရာယဆေက = မွေးသေဒုက္ခကိုဖြစ်စေတတ်သည့် သံယောဇဉ်ကို ဖြတ်နိုင်သူ။

ထိုလေးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် မြတ်သောနိဗ္ဗာန်သို့ ရောက်နိုင်၏။

အာတာပီသုတ် ဣတိဝုတ်ပါဠိတော် (နှာ-၂၁၄)

Monday, July 11, 2016

ပေးကမ်းခြင်းနဲ့ ​ပေးကမ်းနည်း မသိ၍သာ ဆင်းရဲသည်

ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်း မသိ၍သာ ဆင်းရဲသည်


ဆင်းရဲသားတစ်ယောက်က ဘုရားရှင်ကိုမေးတာ" ဘာဖြစ်လို့ကျွန်တော်မျိုးဟာ မွဲတေဆင်းရဲနေရတာလည်း"ဘုရား
ဘုရားရှင်က ပြောပါတယ်။ သင်ဟာ" ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါပဲ။

ဆင်းရဲသားက ပြန်ပြောတာ ကျွန်တော်မျိုး" မှာ.....ပေးကမ်းစရာ ဘာမှမှ မရှိတာ.....ဆိုတော့" မြတ်စွာဘုရားရှင်က သင်ပေးတာ" သင့်မှာ ရှိနေတာတွေ မနည်းပါဘူး။

မျက်နှာ- အပြုံးတွေပေးစွမ်းနိုင်တယ်။
လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။
ပါးစပ်- - သင်"သူတပါးကို ချီးမွမ်းစကားတွေ-အားပေးစကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့စကားတွေ ပြောပေးလို့ရနိုင်တယ်။
-နှလုံးသား -တပါးသူကို ရင်ဖွင့်ပြနိုင်တယ် စစ်မှန်ခြင်းတွေ "ဖြူစင်ရိုးသားမှုတွေ"နဲ့ မေတ္တာတရားတွေ ပေးစွမ်းနိုင်တယ်။
မျက်လုံး- တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင် ကြည့်လို့ရတယ်
နွေးထွေးဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်"
ကိုယ်ခန္ဓာ-သူ့ကိုအသုံးချပြီး သူတပါးကို ကူညီနိုင်တယ်
ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။ စိတ်ထဲက နှိမ့် ကျဆင်းရဲခြင်းတွေက သာလျင် ဆင်းရဲခြင်းအစစ်ဖြစ်တယ်။

ချစ်ခြင်းမေတ္တာတွေ ပေးလွတ်လိုက်တဲ့အခါ ချစ်ခြင်းမေတ္တာတွေ ပြန်ရောက် လာမယ် သူတပါးကို ကူညီလိုက်တဲ့ အခါ ကူညီမှုတွေက ပြန်ရောက်လာမယ်
ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါ ပျော်ရွှင်မှုတွေကပြန်ရောက် လာတတ်တယ်။ ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ ပေးဆပ် လေလေ ရရှိလေလေပါပဲ။

Sunday, July 10, 2016

သား​ကောင်း သားမြတ်​ ရ​စေ​သော ဂါထာ

သားကောင်းသားမြတ် ရစေသော ဂါထာ


(ပဋိသန္ဓေတည်နေစဉ် ရွတ်ဆိုရန်)

ယော မေ အယံ ဘန္တေ ကု စ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ၊ ဥပါသကံ တံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ (မ-၂-၃၀၀)

ဘန္တေ- အရှင်ဘုရား၊
မေ-တပည့်တော်၏၊
ကု စ္ဆိတော- ဝမ်း၌တည်သော၊
ယော အယံကုမာရောဝါ- အကြင် သတို့သားသည်သော်လည်းကောင်း၊ ယာအယံကုမာရိကာဝါ- အကြင်သတို့သမီးသည်သော်လည်းကောင်း၊
အတ္ထိ-ရှိ၏။
သော -ထိုသန္ဓေသားသည်၊
ဘဂဝန္တံ- မြတ်စွာဘုရားကို၊
သရဏံ- ကိုးကွယ်ရာဟူ၍၊
ဂစ္ဆတိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊
သရဏံ - ကိုးကွယ်ရာဟူ၍၊
ဂစ္ဆတိ-ဆည်းကပ်ပါ၏။
ဘဂဝါ-မြတ်စွာဘုရားသည်၊
တံ-ထိုသန္ဓေသားကို၊
အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊
ပါဏုပေတံ-အသက်ထက်ဆုံး၊
သရဏံ- ကိုးကွယ်ရာဟု၊
ဂတံ-ဆည်းကပ်သော၊
ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊
ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။

( မြန်မာပြန်)

မြတ်စွာဘုရား ဘုရားတပည့်တော်၏ ဝမ်း၌တည်ရှိနေသော ကလေးငယ်သည် မြတ်စွာဘုရားအား လည်းကောင်း၊ တရားတော်အားလည်းကောင်း၊ သံဃာတော်အားလည်းကောင်း၊ ကိုးကွယ်ရာအစစ်ဟူ၍ ဆည်းကပ်ပါ၏ဘုရား။ ထိုသန္ဓေသားအား ယနေ့မှစပြီး အသက်ထက်ဆုံး သရဏဂုံတည်သူဟူ၍ မှတ်တော် မူပါဘုရား။

ဖေဖေမေမေတို့ သားကောင်းသမီးမြတ်ကလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Friday, July 8, 2016

သစ်​ခုတ်​သမား

"သစ်ခုတ်သမား"


တခါတုန်းက အလွန်သန်မာပါတယ်လို့ နာမည်ကြီးတဲ့
သစ်ခုတ်သမားတစ်ယောက်ဟာ သူဋ္ဌေးတယောက်ဆီမှာ
အလုပ်ဝင်ခဲ့တယ်။ သူ့ ရဲ့ နာမည်ကျော်ကြားမှုကြောင့်ရော
ခွန်အားကြောင့် ရော လစာကတော့ တော်တော်ကောင်းတာပေါ့ ။
ဒီအတွက်ကြောင့်လည်း သစ်ခုတ်သမားက သူလုပ်ရမဲ့အလုပ်ကို
အကောင်းဆုံး လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့ ရဲ့  သူဋ္ဌေးက သူ အလုပ်ဝင်တဲ့ နေ့ မှာ ပုဆိန်တစ်လက်ပေးပြီးတော့ 
သူ ခုတ်ရမဲ့ ဧရိယာကို ပြပါတယ်။
ပထမနေ့ 
~~~~~~
သူ သစ်ပင် (၁၈)ပင် ပြီးအောင် ခုတ်နိုင်ခဲ့ တယ်။
“ဂုဏ်ယူပါတယ်”လို့ သူဋ္ဌေးက သူ့ ကို ချီးမွမ်းတယ်။
“ဒီအတိုင်းပဲ ဆက်လုပ်သွားပါ”သူဋ္ဌေးရဲ့ အားပေးစကားက သူ့ ကို
အလွန်အားတက်သွားစေခဲ့ တယ်။
.
ဒုတိယနေ့ 
~~~~~
သူ ပိုကြိုးစားပြီး ခုတ်တယ်။ဒါပေမဲ့ သူ ဒီနေ့ မှာတော့  သစ်ပင် (၁၅)
ပင်သာ ရအောင် ခုတ်နိုင်ခဲ့ပါတယ်။
.
တတိယနေ့ 
~~~~~~~
သူ ပိုပြီး ကြိုးစားခဲ့တယ်။ အားကြိုးမာန်တက်နဲ့  သစ်ပင်တွေကို
ခုတ်လှဲခဲ့တယ်။ နေ၀င်ချိန်မှာ ခုတ်ပီးတဲ့ အပင်တွေကို ရေ, ကြည့် 
လိုက်တော့ (၁၀) ပင်သာ ရှိကြောင်း ထူးဆန်းစွာ တွေ့ လိုက်ရတယ်။
တစ်ရက်ပြီးတစ်ရက် သူ့ ရဲ့စွမ်းဆောင်ရည်တွေ ကျ ကျလာနေတယ်လို့ 
သူ သိနေခဲ့ တယ်။“ငါ့ ရဲ့  အင်အားတွေ ကုန်နေပီနဲ့ တူပါတယ်” လို့ 
သူ့ ကိုယ်သူ တွေးခဲ့ တယ်။
.
သူဟာ သူဋ္ဌေးဆီကို သွားပြီး သူ့ ရဲ့  ကျဆင်းလာတဲ့ စွမ်းဆောင်ရည်အတွက် တောင်းပန်ပါကြောင်းနဲ့ သူ ကြိုးစားပမ်းစား လုပ်နေပါရက်နဲ့ ဘာလို့ 
ဒီလို ဖြစ်နေတာလဲ့ ဆိုတာကို သူကိုယ်တိုင်နားမလည်
ကြောင်းကို ဖွင့်ပြောခဲ့တယ်။
သူဋ္ဌေးက သူ့ ကို စူးစိုက်စွာ ကြည့်ရင်း…
“မင်း သစ်တစ်ပင်ခုတ်ပြီးတိုင်း နောက်ဆုံးအချိန်တွေမှာ ပုဆိန်ကို
ပြန်သွေးသေးလား”"ဗျာ….ပုဆိန်ကိုလား….ပြန်သွေးရမယ်ဟုတ်လား…
အဲဒါ ….အဲဒါတော့ ကျွန်တော် မလုပ်ဖြစ်ဘူးဗျ..ဘာကြောင့်လဲဆိုတော့
ကျွန်တော် သစ်ပင်တွေကို ခုတ်ဖို့ အလုပ်အရမ်းရှုပ်နေတယ်လေ”
.
ကျွန်တော်တို့ ရဲ့ ဘ၀တွေလည်း ဒီလိုပါပဲ။ အချိန်တော်တော်များများမှာ
အလုပ်တွေ ရှုပ်နေပါတယ်ဆိုပီး ပုဆိန်ရဲ့ အသွားကို ပြန်သွေး
ဖို့မေ့နေကြတယ်။
အခုအချိန်တွေမှာ ကျွန်တော်အပါအ၀င်လူတော်တော်များ အလုပ်
အလုပ် အလုပ်နဲ့ အလုပ်တွေကို ဖိပီး အမြဲတမ်း ကြိုးစားလုပ်ကိုင်ရင်းနဲ့ 
ပျော်ရွှင်မှု ဆိုတဲ့  ပုဆိန်သွေးတဲ့ အချိန်လေးတွေကို
အမြဲတမ်းပျောက်ဆုံးနေရတယ်။
ပုဆိန်သွေးဖို့ ဘာကြောင့် လိုအပ်တာပါလဲ?
ဘာကြောင့် ပုဆိန်ကို သွေးဖို့ မမေ့ သင့်တာပါလဲ?
အလုပ်အရမ်းကြိုးစားတယ်ဆိုတာက မှားတဲ့ အချက်မဟုတ်ပါဘူး။
ဒါပေမဲ့ အလုပ်တွေကို ဖိလုပ်ရင်းနဲ့  ဘ၀ရဲ့  တကယ့် အရေးကြီးတဲ့
လုပ်ရမဲ့အရာတွေကို မေ့ နေတာက လှစ်လျူရူ ထားတာက မှားတာပါ။
ကျွန်တော်တို့ မိသားစု အတွက် ပေးရမဲ့ အချိန်လေးတွေ သူငယ်ချင်းတွေနဲ့ 
ပျော်ရွှင်စွာ စကားပြောရမဲ့အချိန်လေးတွေ ချစ်ရသူတွေအတွက် ပေးရမဲ့အချိန်လေး…….စတဲ့ တကယ့် တန်ဖိုး မဖြတ်နိုင်တဲ့ 
အစားပြန်မရတော့မဲ့  အချိန်လေးတွေ (ပုဆိန်ကို ပြန်သွေးရမဲ့ အချိန်လေး)
တွေကို မေ့ လျော့နေခြင်းပါပဲ။
ကျွန်တော်တို့ အားလုံး အနားယူဖို့ မိသားစုအတွက် အချိန်ပေးဖို့ 
သင်ယူဖို့ နဲ့ရှင်သန်ဖို့ အတွက် အချိန်လေးတွေ ရှိရပါမယ်။
တကယ်လို့အဲလို အချိန်လေးတွေကို တန်ဖိုးမထား အလေးမထားခဲ့ 
ဘူးဆိုရင်တော့ တချိန်မှာ ၀မ်းနည်းကြေကွဲ ရပါလိမ့်မယ်။
မသွေးဘဲနဲ့  ဆက်ခုတ်နေတဲ့ ပုဆိန်လို အချိန်ကြာလာတဲ့ အမျှတုံးလာပြီး စွမ်းဆောင်ရည်တွေပါ ကျဆင်းလာပါလိမ့်မယ်။
 မိသားစုအတွက် သူငယ်ချင်းအတွက်
ချစ်ခင်ရသူတွေအတွက် အချိန်ပေးပါ။
- ကြင်နာပါ။
- နွေးထွေးပါ။
- ဂရုစိုက်ပါ။
 အစားထိုးလို့ မရတဲ့ အရာတွေ အတွက် နောင်တတွေ
မလိုချင်ပါနဲ့ ။ဝမ်းနည်း ကြေကွဲမှုတွေ ပါ အပိုပါလာတတ်လို့ ပါ။

Thursday, June 30, 2016

မဆင်​မခြင်​​ပြောသည့်​ဆိုးကျိုး

မဆင်မခြင်ပြောသည့်ဆိုးကျိုး

တစ်ခါတုန်းက သောဏအမည်ရှိသော ဥပါသကာ တစ်ဦးသည် မထေရ် တစ်ပါးထံ ချဉ်းကပ်၍ ဆွမ်းလုပ်ကျွေးခြင်း ၊ တရားဓမ္မများ နာကြားခြင်း ၊ တရားဓမ္မများ ဆွေးနွေးခြင်း စသည်တို့ကို အမြဲမပြတ် ပြုလုပ်လေ့ရှိ၏ ။ မထေရ်မြတ်၏ တရားအဆုံးအမတို့ကို ကြားနာရဖန်များ လာသော အခါ သောဏသည် သတိသံဝေဂ ရ၍ တရားကို ပြင်းပြင်း ထန်ထန် အားထုတ်လေ၏ ။

တစ်နေ့တွင် သောဏသည် အခြားမြို့တစ်မြို့သို့ ကုန်အရောင်းအဝယ်
ကိစ္စဖြင့် သွားသော ကုန်သည်တစ်စုနှင့် အတူ လိုက်ပါသွားလေ၏ ။ ညနေမှောင်စပျိုးလာသောအခါ လမ်းခရီး တစ်နေရာတွင် အိပ်စက် အနားယူရန် ရပ်နားလိုက်ကြသည် ။

တရားအားထုတ်ခြင်း၌ မွေ့လျော်လေ့ရှိသော သောဏသည်
ကုန်သည်တို့နှင့် ရောရောနှောနှော ဆူဆူညံညံ မအိပ်လိုသဖြင့်
မလှမ်းမကမ်း တစ်နေရာသို့ သွား၍ အိပ်လေ၏ ။

နံနက်လင်းသောအခါ ကုန်သည်တို့သည် သောဏကို ခေါ်ရန်
သတိမရကြဘဲ ခရီးဆက်သွားကြ၏ ။ နံနက်လင်း၍ နေရောင်လာ
သောအခါမှ သောဏသည် အိပ်ရာမှ နိုးလာသည် ။ ကုန်သည်တို့ကို
မတွေ့ရ၍ ဘေးအနီးပတ်ဝန်းကျင်၌ လိုက်ရှာ၏ ။ နောက်ဆုံးတွင်
ကုန်သည်တို့ ဆက်လက် ထွက်ခွာသွားကြပြီ ဆိုသည်ကို သိလိုက်ရပြီး သောဏ သည် ကုန်သည်တို့ သွားသည့် လမ်းအတိုင်း လျင်မြန်စွာ လိုက်သွားလေ ရာ လမ်းခရီးတစ်နေရာ၌ ညောင်ပင်ကြီးတစ်ပင် အနီးသို့ ရောက်လေသည် ။

သောဏသည် ထိုနေရာ၌ အလွန်ထူးခြားသော အသွင် သဏ္ဌာန်ရှိသည့်
ပုဂ္ဂိုလ်တစ်ဦးကို အံ့ဩဖွယ်ရာ တွေ့လေ၏ ။ ထို ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်
အလွန်ကြီးမား၏ ။ ရုပ်ကလည်း အလွန် ကြောက်မက်ဖွယ်ကောင်း၏ ၊
ခန္ဓာကိုယ်သည်လည်း အရိုးပြိုင်းပြိုင်းထနေ၏ ။ သူ၏ အသားများကို
သူကိုယ်တိုင် ပြန်၍စားနေ၏ ။ သောဏသည်ကား တရားဓမ္မများကို
နှစ်ပေါင်းများစွာ အားထုတ်ထားသူဖြစ်၍ ကြောက်လန့််ခြင်း အလျဉ်းမရှိပေ ။ ကြောက်လန့်ခြင်း မဖြစ်သည်သာမက `` သင် ဘယ်သူလဲ ´´ ဟုပင်
မေးလိုက်သေးသည် ။

`` ကျွန်ုပ်ဟာ ပြိတ္တာဖြစ်ပါတယ် ´´ ဟု ပြန်ဖြေလေ၏ ။ `` ဘယ်လို
မကောင်းမှု အကုသိုလ်မျိုးကို ကျူးလွန်ခဲ့လို့ အခုလို ဆင်းရဲဒုက္ခတွေ
ခံစားနေရတာလဲ ´´ ဟု သောဏက ထပ်မေးလေ၏ ၊

ထိုအခါ ပြိတ္တာကြီးက `` အကျွန်ုပ်သည် ရှေးဘဝတစ်ခုတုန်းက
ဘာရုကစ္ဆကမြို့မှာ ကုန်သည်တစ်ယောက် ဖြစ်ခဲ့ပါတယ် ။ အဲဒီဘဝမှာ
အကျွန်ုပ်ဟာ သူများတွေရဲ့ ပစ္စည်းဥစ္စာတွေကို လိမ်လည် လှည့်ဖြားပြီး
ရအောင်ယူခဲ့ပါတယ် ။ ဒါ့အပြင် ဆွမ်းခံကြွတဲ့ ရဟန်းသာမဏေတွေကိုလည်း
``သင်တို့ရဲ့ အသားကို ကိုယ်တိုင်ပြန်စားကြ ´´ လို့ ပြောဆို
စော်ကားခဲ့မိပါတယ် ။ အဲဒီလို မကောင်းမှု အကုသိုလ် ကံတွေကြောင့်
အခုလို ဆင်းရဲဒုက္ခတွေကို ခံစားနေရခြင်း ဖြစ်ပါတယ် ´´ ဟု
ပြန်လည်ဖြေကြားလေသည် ။

သောဏသည် ပြိတ္တာကြီး၏ စကားကို ကြားရသောအခါ အလွန်
သတိသံဝေဂ ဖြစ်မိပြန်၏ ။ ထို့အပြင် အခြားသူများကို လိမ်လည်
လှည့်ဖြားလျှင် ဖြစ်လေရာဘဝတိုင်း၌ ရုပ်ဆိုးသူ ဖြစ်တတ်ကြောင်း ၊
မြင့်မြတ်သော ပုဂ္ဂိုလ်တို့ကို ရိုင်းပျစွာ ပြောဆိုစော်ကားလျှင် ပြိတ္တာဘဝသို့ ရောက်တတ်ကြောင်း စသည်ဖြင့် မကောင်းမှု အကုသိုလ်ကံ တို့၏ ဆိုးဝါးသော အကျိုးဆက်တို့ကို ဆက်လက် ဆင်ခြင်မိလေသည် ။

Tuesday, June 28, 2016

ခလ္လာတိယနတ်​ပြိတ္တာမ

ခလ္လာတိယနတ်ပြိတ္တာမ

ကဿမဘုရားရှင်လက်ထက် ဗာရာဏသီပြည်၌ လှပတင့်တယ်
ရှုချင့်စဖွယ်အဆင်းရှိသောခလ္လာတိယခေါ် အမျိုးသမီးတစ်ဦးရှိ၏။

ထိုမိန်မး၏ ဆံပင်တို့သည် အလွန်မဲနက်၏။ ရှည်သွယ်၏။ နူးညံ့ပြီး
အဖျားကော့၏။ ဖြေ၍ ချသော် ဖနောင့်နားသို့ရောက်မှ အဖျားကော့၍
တက်၏။ အဆင်းလှခြင်း၊ ဆံပင်ကောင်းခြင်းတို့ကြောင့် ယောက်ျားများက ချစ်ကြိုက်စွဲလမ်းကြကုန်၏။
.
.
ခလ္လာတိယအား ယောက်ျားတို့ ချစ်ခင်စုံမက်ကြသည်ကို မနာလိုကြသော
မိန်းမတို့သည် တိုင်ပင်ကြပြီး ခလ္လာတိယ၏ အလုပ်အကျွေးမိန်းမကို တံစိုး
လက်ဆောင်ပေးကာ ဖျားယောင်း၍ ဆံပင်ကျွတ်စေရန် ခိုင်းစေကြသည်။
ကျွန်မိန်းမသည် ထိုမိန်းမတို့ပေးသော ဆံပင်ကျွတ်ဆေးကို ခေါင်းလျှော်ရေ
တွင် ထည့်၍ သူ့သခင်အားပေး၏။
.
.
ခလ္လာတိယသည် ဂင်္ဂါမြစ်ဆိပ်၌ ရေချိုးသောအခါ ခေါင်းလျော်ရေကို
ဆံပင်အရင်းအထိ ပွတ်နယ်ပြီး ရေ၌ ငုပ်လိုက်လျှင်ပင် ဆံပင်တို့သည်
အရင်းမှကျွတ်၍ ကျသည်။ ခေါင်းပြောင်ကြီးနှင့် မြို့တွင်းမသွားရဲသဖြင့်
ခေါင်းကို အဝတ်ပတ်ကာ မြို့ပြင်၌ ခေတ္တနေလေသည်။ နှစ်ရက်သုံးရက်လွန်မှ
အရှက်ပြေပြီး မြို့တွင်းဝင်၏။ ထို့နောက် ဆီကြိတ်၍ ဆီရောင်းဝယ်ခြင်း၊
အရက်ရောင်းခြင်းဖြင့် အသက်မွေး၏။
.
.
ခလ္လာတိယသည် အရက်မူးသားတို့ထံမှ အဝတ်ပုဆိုးတို့ကို ခိုးယူလေ့ရှိ
သည်။ တစ်နေ့သောအခါ ရဟန္တာတစ်ပါး ဆွမ်းလာရပ်သည်ကို ကြည်ညိုသ
ဖြင့် ပင့်ဖိတ်ကာ ဆီနှင့်ရောသောဆီမွှေးနှမ်းဖတ်ကို လှူလေသည်။ ရဟန္တာ
အရှင်မြတ်သည် ခလ္လာတိယသဒ္ဓါတရားထက်သန်စေရန် အနုမောဒနာတ
ရား ဟောကြားလေသည်။
.
.
ခလ္လာတိယသည် အခြားဆုကြီးများ တောင်းနိုင်ပါလျက် “ဤရဟန္တာအရှင်
မြတ်အား ကြည်ညိုစွာ လှူဒါန်းရသည့် အကျိုးကြောင့် ငါ၏ဆံပင်တို့သည် မည်းနက်ရှည်သွယ် နူးညံ့လျက် အဖျားကော့၍ တက်ပါစေသတည်း”ဟုသာ ဆုတောင်းလေသည်။
.
.
အလှူ၏ အကျိုးကြောင့် ကွယ်လွန်သောအခါ သမုဒ္ဒရာအလယ် ရွှေဗိမာန်၌
နတ်ပြိတ္တာမ ဖြစ်လေသည်။ သူ၏ ဆံပင်တို့သည်ကား ဆုတောင်းတိုင်း ပြည့်
စုံ၏။ သို့သော် အရက်မူးသမားတို့၏ အဝတ်ပုဆိုးတို့ကို ခိုးမိသောကြောင့်
ကိုယ်၌ အဝတ်မရှိ၊ ကိုယ်လုံးတီးနှင့် တစ်ယောက်တည်း စံရ၏။ ခလ္လာတိယ
သည် ထိုဗိမာန်၌ပင် ဘဝအဖန်ဖန်ဖြစ်ရာ ဂေါတမမြတ်စွာဘုရား ပွင့်တော်
မူသည်အထိ ဖြစ်သည်။
.
.
ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာဝတ္ထိပြည်သား ကုန်သည်ခုနစ်ရာ
တို့သည် သုဝဏ္ဏဘူမိသို့ သင်္ဘောဖြင့် ကုန်ကူးသွားကြသည်။ သမုဒ္ဒရာအလယ်
သို့ရောက်သော် မုန်တိုင်းမိပြီး ခလ္လာတိယနတ်ပြိတ္တာမ၏ ဗိမာန်သို့ရောက်သွား
ကြသည်။ ခလ္လာတိယလည်း ဗိမာန်နှင့်တကွ မိမိ၏အရိပ်အယောင်ကိုပြလေ
၏။ ထိုအခါ သဘောင်္ာသားကုန်သည်တို့က-
“ဗိမာန်တွင်းက ဘယ်သူလဲ၊ လူလား၊ နတ်လား၊ အပြင်ထွက်ခဲ့ပါ”ဟု
အော်ပြောကြသည်။
နတ်ပြိတ္တာမက-“ငါ့မှာ အဝတ်မရှိသဖြင့် မထွက်ရဲပါ။ ရှက်လှပါတယ်”ဟု
ပြန်ပြောလေသည်။
.
.
ကုန်သည်တို့က-“ဒီအဝတ်တွေကို ဝတ်ပြီး ထွက်ခဲ့ပါ”ဟု ပြောကာ ပါလာ
သော အဝတ်ပုဆိုးတို့ကို ပစ်ပေးကြသည်။
“သင်တို့လက်ဖြင့် ငါ့ကိုပေးလို့မရပါ။ သင်တို့အထဲမှာ ရတနာသုံးပါးနှင့် ကံ၊
ကံ၏အကျိုးကို ယုံကြည်တဲ့ ဥပါသကာတစ်ဦးဦးပါလာပါလိမ့်မယ်၊
သူ့ကို အဝတ်ပုဆိုးများပေးလှူပြီး ငါ့အားအမျှဝေပေးပါ”ဟု ခလ္လာတိယက
ပြောလေသည်။
.
.
သင်္ဘောသားတို့သည် သီလရှိသူ ဥပါသကာအား ပုဆိုးအစုံလှူါးန်းပြီး နတ်
သမီးအား အမျှပေးဝေကြသည်။ ခလ္လာတိယနတ်ပြိတ္တာမလည်း ဝမ်းမြောက်
ဝမ်းသာ သာဓုခေါ်သည့်အခိုက်မှာပင် အဝတ်တန်ဆာပြည့်စုံစွာ ရလေသည်။
ထိုအခါမှ အပြင်သို့ ထွက်လာနိုင်တော့သည်။
.
.
သင်္ဘောသား ကုန်သည်တို့လည်း နတ်သမီးကို အကြောင်းစုံမေးမြန်းရာ
ခလ္လာတိယက-
“ငါကား ရဟန်းအားဆီထွေးနှမ်းဖတ်လှူဘူးတဲ့ကောင်းမှုကြောင့်
နတ်ဗိမာန်မှာ စံစားရပေမဲ့ သူများ အဝတ်ပုဆိုးခိုးယူတဲ့ မကောင်းမှုကြောင့်
နတ်ဖြစ်သော်လည်း အဝတ်မပါဘဲ ကိုယ်လုံးတီးနဲ့ နေရတယ်။
သေရင်လဲ ငရဲကျခံရအုန်းမယ်” ဟုပြောပြလေသည်။
.
.
ခလ္လာတိယ၏ စကားကို ကြားသောအခါ သီလရှိသူ ဥပသကာသည်
သနားစိတ်ဝင်မိလေသည်။ ထိုကြောင့်-
“အိုနတ်သမီး-ငါ့တစ်ယောက်ကို ပေးလှူရုံမျှဖြင့် အခုလို အလိုပြည့်စုံရင်
သီလရှိသူ သင်္ဘောသားတို့ကို ပေးလှူပြီး ရတနာ သုံးပါးဂုဏ်ကို အောက်မေ့
ဆင်ခြင်ရင် ငရဲမှ လွတ်လိမ့်မယ်” ဟု ဆိုလေသည်။
.
.
ခလ္လာတိယလည်း ဝမ်းမြောက်ဝမ်းသာဖြင့် နတ်တို့၏ ထမင်းအဖျော်၊ အ
ဝတ်ပုဆိုးတို့ကို သင်္ဘောသားတို့အားပေးလှူ၏။ ထို့နောက် ပုဆိုးတစ်စုံကို
သင်္ဘောသားတို့ လက်အပ်ပြီး-
“အရှင်ဘုရား-အဝတ်မရှိတဲ့ နတ်သမီးတစ်ယောက်က အရှင်ဘုရားရဲ့ ခြေ
တော်အစုံကို ဦးခိုက်လှူဒါန်းလိုက်ပါတယ်ဘုရား”ဟု မြတ်စွာဘုရားအား
လျှောက်ထား လှူဒါန်းပေးပါရန် မှာကြားလိုက်သည်။ ထို့နောက် သင်္ဘောကို
လည်း မိမိတန်ခိုးဖြင့် လိုရာရောက်အောင် ပို့ဆောင်ပေးလေသည်။
.
.
သင်္ဘောသားတို့လည်း သာဝတ္ထိပြည် ရောက်လျှင် မြတ်စွာဘုရားထံသွား၍
ပုဆိုးတစ်စုံလှူပြီး နတ်သမီးမှာသည့်အတိုင်း လျှောက်ထားကြသည်။ မြတ်စွာ
ဘုရားသည် ထိုစကားကို အကြောင်းပြု၍ ပရိသတ်တို့အားတရားဟောကြား
လေ၏။ သင်္ဘောသားတို့သည် ဘုရားအမှူးရှိသော သံဃာတော်တို့အား အ
လှူကြီးပေး၍ နတ်သမီးအား အမျှဝေကြ၏။ နတ်သမီးလည်း ဝေမာနိက
နတ်ပြိတ္တာဘဝမှ လွတ်၍ တာဝတိံသာနတ်ပြည်၌ စံရလေသည်။

Credit : သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ

ပြိတ္တာဖြစ်​ ​ဈေး​ရောင်းနည်း

“ပြိတ္တာဖြစ် ဈေးရောင်းနည်း”



မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ
“ဈေးသည်အမျိုးသမီး လေးယောက်”ရှိပါတယ်။
သူတို့လေးယောက်မှာ လင်ယောက်ျား နဲ့
သားသမီးတွေလည်းကိုယ်စီရှိကြပါတယ်။
သူတို့က ထောပတ်၊ပျားရည်၊ဆန်၊ဆီ၊ဆား
စသည်တွေကိုရောင်းပြီး လင်ယောက်ျားနဲ့
သားသမီးတွေကို လုပ်ကျွေးနေကြတာပါ။

ဒါပေမယ့် သူတို့ဈေးရောင်းချမှုဟာ မှန်ကန်မှုမရှိပါဘူး။
အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့လည်း
ရောင်းလေ့ရှိပါတယ်။ဈေးကိုလည်း ပုံမှန်ဈေးထက် ၊
ပိုပိုတင်ပြီးရောင်းတတ်ပါတယ်။
ဒီလိုရောင်းတဲ့အတွက် စီးပွါးရေးက
ခဏလေးတွေနဲ့ တိုးတက်သွားပြီး၊
ခြံကြီးကြီး ၊ အိမ်ကြီးကြီး တွေနဲ့ ဖြစ်သွားပါတယ်။

စီးပွားရေးတွေ အဆင်ပြေနေဆဲကာလမှာပဲ
ဈေးသည်အမျိုးသမီးလေးယောက်ဟာ
အကြောင်းမယ်မယ်ရရမရှိဘဲနဲ့ ရှေ့ဆင့်၊နောက်ဆင့်
ကွယ်လွန်သွားကြပါသတဲ့။

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့
မြို့ကျုံးရဲ့ အပြင်ဘက်နားမှာ “ပြိတ္တာမ”တွေ သွားဖြစ်ပါသတဲ့။
ဒီတော့ လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျားလေးယောက်က
သူတို့ဇနီးတွေကို လွမ်းဆွေးတမ်းတမနေကြပါဘူး။

ကွယ်လွန်ပြီးမကြာခင်မှာဘဲ ယခင်ဇနီးဟောင်းတွေထက်
ချောတဲ့ငယ်တဲ့ ဇနီးသစ်ကလေးတွေကို ကိုယ်စီကောက်ယူလိုက်ကြပါသတဲ့။
ပြီးတော့ ဇနီးဟောင်းတွေရှာခဲ့တဲ့ ပစ္စည်းတွေကို
ဇနီးသစ်ကလေးတွေနဲ့ ဒူးနှံ့ပြီး သုံးဆောင်ခံစားနေကြပါသတဲ့။

ပြိတ္တာဖြစ်နေတဲ့ ဈေးသည် မိန်းမလေးယောက်ဟာ
သူတို့ရှာဖွေခဲ့တဲ့ပစ္စည်းလေးတွေကို ခင်ပွန်းလောင်းနဲ့ နောက်မိန်းမ က
ပျော်ပျော်ပါးပါးခံစားသုံးဆောင်နေကြတာ
တွေ့ရတော့ ပြိတ္တာဖြစ်နေလို့ စိတ်ဆင်းရဲနေရတဲ့အထဲ၊
“လုပ်ရက်လေခြင်း” ဆိုပြီး ပိုစိတ်ဆင်းရဲသွားကြပါသတဲ့။

ဒါကြောင့် ကျုံးအပြင်ဘက်ကနေ
မြို့ထဲကလူတွေကြားအောင် အသံဆိုးကြီးတွေနဲ့
လှမ်းလှမ်းအော်ပါတော့တယ်။

ဘယ်လိုအော်သလဲဆိုတော့…
●“ငါတို့ဟာ လိမ်လည်ကောက်ကျစ်ပြီး ဈေးရောင်းခဲ့တဲ့အတွက်
ပြိတ္တာမတွေဖြစ်နေရတယ်။ငါတို့ရှာခဲ့တဲ့ ပစ္စည်းတွေကိုတော့
ခင်ပွန်းဟောင်းတွေက နောက်မိန်းမငယ်လေးတွေနဲ့ ခံစားပျော်ပါးနေကြတယ်။
ဥစ္စာပစ္စည်းရှာခဲ့တဲ့ ငါတို့မှာတော့ ကိုယ်ရှာခဲ့တာမသုံးဆောင်ရဘဲ၊
ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ်”လို့အော်ကြပါတယ်။

ညညဆို ကျုံးအပြင်ဘက်ကနေ အသံဆိုးကြီးတွေနဲ့ လှမ်းလှမ်းအော်နေတော့ ၊ မြို့ထဲမှာနေကြတဲ့သူတွေကထိတ်လန့်ကုန်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို
ပင့်ပြီး ဆွမ်းကပ်၊ဆွမ်းကပ်ပြီးတဲ့အခါကျတော့
မြတ်စွာဘုရားကို ကျုံးအပြင်ဖက်က
လှမ်းလှမ်းအော်နေကြတဲ့အကြောင်း လျှောက်ပြကြပါတယ်။

ဒီတော့ မြတ်စွာဘုရားက“ဒကာတို့ ဒီအသံတွေက သင်တို့ကို
အန္တရာယ်ပြုမယ့် အသံတွေ မဟုတ်ပါဘူး။ပြိတ္တာမလေးယောက်
ဆင်းရဲခြင်းတွေ နှိပ်စက်နေလို့အော်နေကြတာပါ။”လို့မိန့်တော်မူပြီး
ဖြစ်ကြောင်းကုန်စင်ကို မြတ်စွာဘုရားက ပြန်ဟောပြပါတယ်။

မြတ်စွာဘုရားက တဆက်တည်းမှာ သစ္စာလေးပါးကို
ဆက်ဟောပြပေးပါတယ်။တရားဆုံးမှာတော့ တရားနာပရိသတ်တွေ
သောတာပတ္တိဖိုလ်စတဲ့ တရားထူးတွေရသွားကြပါတယ်။
စာထဲမှာတော့ ဈေးသည်ပြိတ္တာမလေးယောက်ပါ
တရားထူးရသွားတယ်လို့ပြမထားပါဘူး။
တခြားအဖွင့်တွေမှာပြထားရင်တော့ မပြောတတ်ပါဘူး။
ဘာပဲပြောပြော စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့
ဈေးရောင်းတဲ့အတွက် သေတဲ့အခါ
ပြိတ္တာဖြစ်သွားရတာကတော့ အမှန်ပါပဲ။

ဒီခေတ်တွေမှာလည်းတစ်ချို့ပုဂ္ဂိုလ် တွေဟာစဉ်းလဲကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့
ဈေးရောင်းနေကြတာတွေရှိပါတယ်။“ကားကိုလိမ်ရောင်းတာ၊
တီဗွီကိုလိမ်ရောင်းတာ၊ထီကိုလိမ်ရောင်းတာ၊ကြက်သားကိုရေထိုးပြီးရောင်းတာ၊
ပဲတွေထဲကို ခဲထည့်ပြီးရောင်းတာ” စသည့်ဖြင့်အများကြီးပါ။
အလိမ်ခံလိုက်ရတဲ့ စားသုံးသူတွေက သူတို့ခံလိုက်ရတဲ့ အကြောင်းတွေ ရေးပြထားတဲ့စာတွေလည်းဂျာနယ်တွေမှာ မကြာခဏဖတ်နေရပါတယ်။

တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိမ်ရောင်းတဲ့သူတွေက
လိမ်ရောင်းသလို ၊ တန်ဖိုးနည်းတဲ့ ပစ္စည်းတွေကို
လိမ်ရောင်းတဲ့သူတွေကလည်း လိမ်ရောင်းနေကြတာပါပဲ။

ဖရဲသီးရောင်းတဲ့သူတစ်ယောက်ဆိုရင်ရေခွက်လေးထဲမှာ
ဆေးသကြားလေးတွေထည့်ထားပါသတဲ့။
ဖရဲသီးလှီးတဲ့ဓားရဲ့ဓားဦးလေးကို လည်း
ဆေးသကြား ထည့်ထားတဲ့ ရေခွက်လေးထဲ စိုက်ထားပါသတဲ့။

သာမန်အားဖြင့်ကြည့်ရင် ရေခွက်ထဲကို ဓားဦးလေးစိုက်ထားတဲ့
ပုံစံလေးပါ။ဈေးဝယ်သူလာတဲ့အခါ ဖရဲသီးကို နမူနာ
မြည်းကြည့်ရအောင် ဆိုပြီး ဆေးသကြား တို့ထားတဲ့ဓားဦးကလေးနဲ့
လက်တစ်ဆစ်စာလောက်ကလေး ဝိုက်လှီးပြီး၊ကျွေးပါသတဲ့။
ဈေးဝယ်သူကလည်း“ဟယ် …ချိုလိုက်တာ”ဆိုပြီး ဝယ်သွားပါသတဲ့။
ဒါလေးက ကြားဖူးတာပါ။

ဈေးရောင်းသူက ကိုယ်ကောက်ကျစ်လိုက်တာကိုဈေးဝယ်သူ မသိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်တော့ဟုတ်လှပြီ ထင်နေမှာပါ။

ဒါပေမယ့် ကျန်တဲ့သူတွေတာ မသိရင်သာနေမယ်။
ဈေးရောင်းသူကိုယ်တိုင်တော့ သိနေခဲ့ပါပြီ။
ကိုယ့်ရဲ့အပြုအမူဟာ မဟုတ်မမှန်ဘူးဆိုတာလည်း
သိတယ်။ သိလျက်နဲ့လည်း ပြုမူတယ်ဆိုတာ
ကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝတန်ဖိုးမထားတာပါ။

ကံဆိုတာပြုပြီးရင်မြောက်သွားတာပါ။ဘာမှ ပြန်လုပ်လို့ မရတော့ပါဘူး။
မြောက်သွားတဲ့ကံက အလကား နေတော့မှာမဟုတ်ပါဘူး။
အခွင့်အခါသင့်တာနဲ့ ပြန်အကျိုးပေးတော့မှာပါ။ကောက်ကျစ်စဉ်းလဲတဲ့
ကံတွေများရင်များသလောက်အကျိုးပေးမှာပါ။
ကိုယ်က ပြုပြီး ၊စားသောက်ပြီး၊ မေ့ချင်မေ့နေမယ်။ကံကတော့ မမေ့ပါဘူး။
အချိန်တန်ရင် သူ့အလုပ်သူလုပ်မှာပါ။

အထက်မှာ ကောက်ကျစ်စဉ်းလဲစွာ ဈေးရောင်းခဲ့တဲ့
ဝတ္ထုလေးပြခဲ့လို့ ကောက်ကျစ်စဉ်းလဲတဲ့အကြောင်းတွေ
ပြောနေရတာပါ။မှန်မှန်ကန်ကန်နဲ့ မေတ္တာစေတနာအပြည့်နဲ့
ဈေးရောင်းနေကြတဲ့ ဈေးသည်တွေလည်းအများကြီးပါ။

ကိုယ်ကမှန်မှန်ကန်ကန် ရောင်းခဲ့တဲ့အတွက်၊မေတ္တာစေတနာထား
ရောင်းခဲ့တဲ့အတွက်၊ကိုယ်ပြုခဲ့တဲ့ကံကလည်းအလကားနေမှာမဟုတ်ပါဘူး။
သူ့အကျိုးအားလျော်စွာ တုန့်ပြန်မှာပါ။

Wednesday, June 22, 2016

သာကီဝင်​မင်းတို့၏ဝဋ်​​ကြွေး

“သာကီဝင်မင်းတို့၏ဝဋ်ကြွေး”


ပေဿနဒီကောသလမင်းကြီးသည် သာကီဝင်မင်းတို့နှင့် ဆွေမျိုးတော်စပ်လို၍
မဟာနာမ်မင်းကြီးထံ သာကီဝင်မင်းသမီးတစ်ဦးကို
တောင်းခံခဲ့လေသည်။

သာကီဝင်မင်းတို့သည် အမျိုးမာန် အလွန်ကြီးသည်။
မိမိမျိုးနွယ်၌ တစ်ပါးသောမျိုးနွယ်ဖြင့် သွေးနှောမှုကို
အလွန်စက်ဆုပ်ကြလေ သည်။

ပေဿနဒီမင်းကြီးက သာကီဝင်မင်းသမီးတစ်ဦး
တောင်းလာသောအခါ ကောသလမင်းက
စစ်အင်အားတောင့်တင်းပြီး တန်ခိုးကြီးသောမင်း
ဖြစ်နေ၍ သတို့သမီး မပေးလျှင် မိမိတို့ကို
နှိပ်စက်ဖျက်ဆီးနိုင်သော အခြေအနေ ရှိနေသည်။
မပေး၍ မရနိုင်သောကြောင့် သာကီနွယ်စစ်
သတို့သမီးကိုမပေးဘဲ မဟာနာမ်မင်းကြီးနှင့်
ကျွန်မတို့က ပေါက်ဖွားသော ဝါသဘခတ္တိယမည်သော
ကျွန်မကို သာကီဝင် သတို့သမီးအဖြစ်
လိမ်ညာ၍ ပို့ဆက်ပေးလေသည်။

ကောသလမင်းနှင့် ဝါသဘခတ္တိယမင်းသမီးတို့
ပေါင်းသင်းဆက်ဆံ၍ ဝိဒဋူဘ အမည်ရှိသော
သားတစ်ယောက်ရခဲ့သည်။

ဝိဒဋူဘမင်းသားအရွယ်ရောက်၍ အဘိုးအဘွားကို
မိခင်ထံမေးပြီး သာကီဝင်မင်းတို့စံရာ ကပိလဝတ်သို့
သွား၍ ဘိုးတော်မဟာနာမ်မင်းကြီးကို ရှိခိုးပူဇော်လေသည်။

ထိုအချိန်တွင် ဝိဒဋူဘကျွန်မသားကို ရှိခိုးရမည်
စိုးသောကြောင့် ဝိဒဋူဘထက်ငယ်သော
သာကီဝင်မင်းသားအားလုံးကို အရပ်တစ်ပါးသို့
သွားရောက် ရှောင်တိမ်းနေစေခဲ့သည်။
ထို့ကြောင့် ဝိဒဋူဘမင်းသားကသာ ဘကြီး၊
ဦးကြီး၊ ဦးလေး စသည်ဖြင့် ရှိခိုးပူဇော်ရသည်။
ဝိဒဋူဘမင်းသားကို ရှိခိုးမည့်သူက တစ်ယောက်မျှ
မရှိပေ။

မင်းသားသည်(၇)ရက်နေပြီး သာကီဝင်မင်းတို့ထံမှ
ပြန်လည်ထွက်ခွာလာခဲ့သည်။ ထိုခဏမှာပင်
နောက်ပါအစောင့်တစ်ယောက်က လက်နက်
မေ့နေ၍ ပြန်ယူသည်။

ထိုအချိန်တွင် ကျွန်မတစ်ဦးသည် လွှတ်တော်၌
ဝိဒဋူဘမင်းသားထိုင်ခဲ့သော နေရာကို
နွားနို့ဖြင့်ဆေးကြောနေပြီး နှုတ်မှလည်း
ကျွန်မသားနေခဲ့သောနေရာ ဟု
တဗျစ်တောက်တောက် အပြစ်ပြောနေလေသည်။

ထိုအကြောင်းကို ထိုမင်းချင်းက ဝိဒဋူဘထံ
ပြန်လည်လျှောက်ထားခဲ့သည်။ ထိုအကြောင်းကို
ကောသလမင်းကြီးပါသိပြီး ဝါသဘခတ္တိယနှင့်
ဝိဒဋူဘတို့ကို ရာထူးမှချထားခြင်း ခံရသည်။

နောင်တွင် ဘုရားရှင်က အမိမျိုး၊ အဘမျိုးတွင်
အဘမျိုးက အဓိကဖြစ်ကြောင်း ဟောပြောပြသဖြင့်
ကောသလမင်းက မူလမိဖုရားအရာ သားတော်
အရာနေရာနှင့် အဆောင်တော်များ ပြန်ပေးသည်။

ဝိဒဋူဘသည် မိမိသည် ကျွန်မသားဖြစ်ရခြင်း၊
မိမိနေရာကို နွားနို့ဖြင့်ဆေးခံရခြင်း၊
ရာထူးမှချထားခံရခြင်းတို့အတွက် ဒေါသထွက်ကာ-

“သာကီဝင်တွေ ငါထိုင်သောပျဉ်ချပ်ကို နို့ရေဖြင့်
ဆေးကြပါစေဦး၊ ငါမင်းဖြစ်ပါက သာကီဝင်မင်းတို့၏
လည်ချောင်းသွေးဖြင့် ငါ့ခြေ၊ ငါထိုင်သောနေရာကို
ဆေးကြောမည်” ဟု ရန်ငြိုးဖွဲ့ထားခဲ့လေသည်။

ဝိဒဋူဘသည် မိမိရည်ရွယ်ချက်အတိုင်း
ကောသလမင်း နတ်ရွာစံသောအခါ
ထီးနန်းဆက်ခံရသည်။

ထိုအခါ သာကီဝင်မင်းတွေကိုသတ်ရန် မျိုးသတ်စစ်ပွဲကို
ဆင်နွှဲခဲ့သည်။ ဘုရားရှင်သည် သုံးကြိမ်တိုင်တိုင်
ဆွေတော်မျိုးတော်တို့၏ အသက်ဘေးလွတ်မြောက်ရန်
ဝိဒဋူဘအား တားဆီးပေးခဲ့သည်။

သာကီဝင်မင်းတို့၏ အတိတ်ဝဋ်ကြွေးကိုသိ၍
နောက်ဆုံးတွင် ဘုရားရှင်သော်မှ
တားဆီး၍ မရနိုင်တော့ပေ။

“အတိတ်မကောင်းမှုကံ”

သာကီဝင်မင်းအပေါင်းတို့သည် အတိတ်ဘဝတစ်ခု၌
တံငါမျိုးတွင် ဖြစ်ခဲ့ကြသည်။ တံငါသည်တို့သည်
သားငါးများကို ဖမ်းယူ ရောင်းချ စားသောက်လျက်
အသက်မွေးဝမ်းကျောင်းပြုကာ နေထိုင်ခဲ့ကြသည်။

တစ်နေ့တွင် ရွာသားအားလုံး တိုင်ပင်ညီညွတ်ပြီး
တစ်ပေါင်းတည်းစုဝေးလျက် မြစ်တစ်ခုသို့သွားကြသည်။
မြစ်ထဲသို့ ငါးဆေးအဆိပ်တို့ကို ထည့်ခတ်ကြပြီး
ငါးတို့အဆိပ်မိ၍ သေကုန်ပြီး ရေပေါ်သို့
ပေါ်လာသောအခါ အလွယ်တကူကောက်ယူ၍
ဈေး၌ရောင်းချကြသည်။

ထိုအဆိပ်ခတ်သတ်ခဲ့သော မကောင်းမှုကံ၏
အကျိုးဆက်ကြောင့် ယခုဘဝတွင် သာကီဝင်မင်းတို့သည်
ဝိဒဋူဘမင်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို
ခံခဲ့ကြရလေသည်။

တူသောဆန္ဒ၊ တူသောစေတနာကို အခြေခံ၍
တူသောအလုပ်ကို လုပ်ကြရာတွင် မကောင်းသော
အလုပ်ကို လုပ်မိကြ၍ အတူလုပ်ဖော်ကိုင်ဖက်တို့
ဟူသော အကျိုးဝဋ်ကို ပေးဆပ်ကြရသည်။

ကောင်းသောအလုပ်ကို လုပ်လျှင်လည်း
ကောင်းသောအကျိုးကို ခံစားရပါသည်။
ဥပမာ-မာဃလုလင်နှင့် အဖော်သုံးကျိပ်၊
လင်းနို့သားငါးရာတို့သည် တူသောဆန္ဒ၊
တူသောစေတနာရှိခဲ့ကြ၍ တူသောကောင်းကျိုးကို
ခံစားခဲ့ကြရလေသည်။

Monday, June 20, 2016

ဝိနယ - ဝိနည်း

ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
“ ၀ိနယ – ၀ိနည်း ”
==============
“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
-
“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
-
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး
=========================
၁။ ဂရုကအာပတ် ၂မျိုး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိုး
-
ဂရုကအာပတ် ၂မျိုး
၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ
ကုစားလို့ရသော အပြစ်
-
လဟုကအာပတ် ၅မျိုး
-
၃။ ထုလ္လစ္စဉ်းအာပတ်
(ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
-
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
-
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
-
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
-
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
-
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
-
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
-
၃။အနိယတ သိက္ခာပုဒ်======၂ပါး
-
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
-
၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
-
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
-
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
-
၈။အဓိကရဏ သမထ=======၇ပါး။
-
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀
-
၁။ ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
-
၁။ မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
-
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
-
၃။ မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
-
၎။ ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
-
( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ )
-
၂။ သံဃာဒိသိသ် ၁၃ ပါး
-
(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်)
-
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
-
၅။ သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
-
၆။ ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
-
၇။ ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
-
၈။ အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
-
၉။ သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
-
၁၀။ ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက်
လွန်သောကျောင်းကို ဆောက်မှု)
-
၁၁။ ၀ိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
-
၁၂။ ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
-
၁၃။ ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
-
၁၄။ သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
-
၁၅။ ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
-
၁၆။ ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
-
၁၇။ ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
-
( အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ )
-
ရဟန်း အချင်းချင်း ဒေသ နာကြား (အာပတ်ဖြေ ) အပြစ်ဝန်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို
ဝန်ခံလျှင် ပြေပျောက်နိုင်သော အပြစ်များ
-
၃။ အနိယတ သိက္ခာပုဒ် ၂ ပါး
-
၁၈။ အဌမအနိယတ သိက္ခာပုဒ်(လူအများ၏ မျက်စိကွယ်ရာ မာတုကာမနှင့်အတူ
အကွယ်အကာရှိသောနေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
-
၁၉။ ဒုတိယအနိယတ သိက္ခာပုဒ် (လူအများ၏ နားကွယ်ရာ မာတုကာမနှင့်အတူ
အကွယ်အကာရှိသောနေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
-
၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀ (စွန့်ပြစ်ရမည်)
-
(စီဝရ၀ဂ်)
-
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
-
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
-
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရသော သင်္ကန်းကို တစ်လထက်ပိုပြီး
မချူပ်ဆိုးဘဲ ထားမှု)
-
၂၃။ ပုရာဏ စီဝရ သိက္ခာပုဒ်
(ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လျှော်ခိုင်းမှု)
-
၂၄။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
-
၂၅။ အညာတက ၀ိညတ္တိ ကထိန သိက္ခာပုဒ် (ဆွေးမျိုးမတော်သူထံ သင်္ကန်းတောင်းမှု)
-
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
-
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
-
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
-
၂၉။ ရာဇ သိက္ခာပုဒ် (ဝေယျာဝစ္စပြုသူအား ၀တ္ထုငွေ အတင်းတောင်းမှု)
-
(ကောသိယ၀ဂ်)
-
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
-
၃၁။ သုဒ္ဓ္ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
-
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါဝင်စေမှု)
-
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
-
၃၄။ နိသီဒနသန္ထတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
-
၃၅။ ဧဠကလောမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
-
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လျှော်ခိုင်းမှု)
-
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
-
၃၈။ ရူပိယဝေါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
-
၃၉။ ကယ၀ိက္ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)
-
(ပတ္တ၀ဂ်)
-
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်များစွာ သိမ်းစည်းထားမှု)
-
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်များစွာ တောင်းခံမှု)
-
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
-
၄၃။ ၀ဿိကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
-
၄၄။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
-
၄၅။ သုတ္တ၀ိညတ္တိ သိက္ခာပုဒ် ( ချည်တို့ကို များစွာ တောင်းမှု)
-
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
-
၄၇။ အစ္စေက စီဝရ သိက္ခာပုဒ် (အစ္စေက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
-
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဉ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
-
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)
၅။ သုဒ္ဓါ ပါစိတ် သိက္ခာပုဒ် ၉၂ပါး
-
(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
-
၅၀။ မုသာဝါဒ သိက္ခာပုဒ် (လိမ်လည်ပြောမှု)
-
၅၁။ သြမသ ၀ါဒ သိက္ခာပုဒ်( ဆဲရေးရှုတ်ချမှု)
-
၅၂။ ပေသုည သိက္ခာပုဒ် (ချောပစ်ကုန်းတိုက်မှု)
-
၅၃။ ပဒသော ဓမ္မ သိက္ခာပုဒ် (လူ သာမဏေတို့နှင့် ပါဠိတော်ကို သံပြိုင် ဆိုမှု)
-
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
-
၅၅။ ဒုတိယ သဟသေယျ သိက္ခာပုဒ်
(မာတုကာမနှင့်အတူ အမိုးအကာတူ နေရာ၌အိပ်မှု)
-
၅၆။ ဓမ္မဒေသနာ သိက္ခာပုဒ် (မာတုကာမအား ယောကျာ်းအဖော်မပါပဲ တရားဟောမှု)
-
၅၇။ ဘူတာရောစန သိက္ခာပုဒ် (ဈာန် မဂ်ဖိုလ်တရားရကြောင်း အမှန်ပြောမှု)
-
၅၈။ ဒုဌုလ္လာရောစန သိက္ခာပုဒ် (ရဟန်းတပါး၏ သံဃာဒိသေသ်အာပတ်ကို လူတို့အားပြောမှု)
-
၅၉။ ပထ၀ီ ခဏန သိက္ခာပုဒ် (မြေတူးမှု အတူးခိုင်းမှု)
-
(ဘူတဂါမ၀ါဂ်)
-
၆၀။ ဘူတဂါမ သိက္ခာပုဒ် (သစ်ပင်ခုတ်မှု)
-
၆၁။ အည၀ါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု)
-
၆၂။ ဥဇ္ဈာပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု)
-
၆၃။ ပဌမ သေနာသန သိက္ခာပုဒ် (သံဃိက ညောင်စောင်း(ကုဋင်)ခေါင်းအုံးစသည်ကို
လွင်တီးကောင်၌ခင်းပြီး မရုတ်သိမ်းမှု)
-
၆၄။ ဒုတိယ သေနာသန သိက္ခာပုဒ် (သံဃိကကျောင်းပေါ်ဝယ် အိပ်ရာနေရာခင်းပြီး မရုပ်သိမ်းမှု)
-
၆၅။ အနုပခဇ္ဇ သိက္ခာပုဒ် (မထေရ်ကြီးများ အနားကပ်ပြီး နေထိုင်မှု)
-
၆၆။ နိကဍ္ဎန သိက္ခာပုဒ် (သံဃိက ကျောင်းမှ ထွက်သွားအောင်လုပ်မှု)
-
၆၇။ ဝေဟာသကုဋိ သိက္ခာပုဒ် (အခင်းမရှိသည့် အပေါ်ထပ်တွင် ခုတင်ခင်းနေမှု)
-
၆၈။ မဟလ္လက ၀ိဟာ၇ သိက္ခာပုဒ် (ကျောင်းကို အထပ်ထပ် အမိုးခိုင်းမှု)
-
၆၉။ သပ္ပါဏက သိက္ခာပုဒ် (ပိုးရှိသော ရေကိုသွန်မှု)
-
(ဘိက္ခုနောဝါဒ၀ဂ်)
-
၇၀။ သြ၀ါဒ သိက္ခာပုဒ် (ဘိက္ခုနီ တို့အား သြ၀ါဒ ပေးမှု)
-
၇၁။ အတ္ထင်္ဂတ သိက္ခာပုဒ် (ဘိက္ခုနီ တို့အားနေ၀င်အောင် သြ၀ါဒ ပေးမှု)
-
၇၂။ ဘိက္ခုနုပဿယ သိက္ခာပုဒ် (ဘိက္ခုနီကျောင်းသို့သွားပြီး သြ၀ါဒပေးမှု)
-
၇၃။ အာမိသ သိက္ခာပုဒ် (ထေရ်ကြီးတို့အား စွပ်စွဲမှု)
-
၇၄။ စီဝရဒါန သိက္ခာပုဒ် (ဘိက္ခုနီအား သင်္ကန်းပေးမှု)
-
၇၅။ စီဝရ သိဗ္ဗန သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချူပ်ပေးမှု)
-
၇၆။ သံဝိဓာန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး ခရီးသွားမှု)
-
၇၇။ နာဝါဘိရုဟန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး လှေစီးမှု)
-
၇၈။ ဘိက္ခုနိပရိပါစိတ သိက္ခာပုဒ် (ဘိက္ခုနီ စီမံပေးသော ဆွမ်းကို စားမှု)
-
(ဘောဇန၀ဂ်)
-
၈၀။ အာဝါသထပိဏ္ဍ သိက္ခာပုဒ် (တည်းခိုရာ ဇရပ်၌ ဧည့်ဝတ်ဆွမ်းကို အမြဲစားမှု)
-
၈၁။ ဂဏဘောဇန သိက္ခာပုဒ် (ဂဏဘောဇဉ်ကို စားမှု)
-
၈၂။ ပရမ္ပရဘောဇန သိက္ခာပုဒ် (ပထမပင့်ဆွမ်းကို မစားပဲ ဒုတိယ ပင့်ဆွမ်းကို စားမှု)
-
၈၃။ ကာဏာမာတာ သိက္ခာပုဒ် (လက်ဆောင်ပေးဖို့ မုန့်များကို အကုန် အလှူခံမှု)
-
၈၄။ ပထမ ပ၀ါရဏာ သိက္ခာပုဒ် ( တော်ပြီဟု ပစ်ပယ်ပြီးမှ ထပ်မံစားမှု)
-
၈၅။ ဒုတိယ ပ၀ါရဏာ သိက္ခာပုဒ် (ပ၀ါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားရန်
တိုက်တွန်းမှု)
-
၈၆။ ၀ိကာလ ဘောဇန သိက္ခာပုဒ် (နေ့လွဲညစာ စားသောက်မှု)
-
၈၇။ သန္နိဓိ သိက္ခာပုဒ် (စားစရာ သိုမှီ သိမ်းစည်းထားပြီး စားမှု)
-
၈၈။ ပဏီတ ဘောဇန သိက္ခာပုဒ် (မွန်မြတ်သော အစာကို တောင်းစားမှု)
-
၈၉။ ဒန္တပေါဏ သိက္ခာပုဒ် (အကပ်မခံပဲ စားမှု)
-
(အစေလက၀ဂ်)၉၀။ အစေလက သိက္ခာပုဒ်
( အ၀တ်မ၀တ်သော တိတ္တိတို့အား အစားအစာပေးမှု)
-
၉၁။ ဥယျောဇန သိက္ခာပုဒ် (ဆွမ်းခံခေါ်သွားပြီးနောက် ပြန်လွှတ်မှု)
-
၉၂။ သဘောဇန သိက္ခာပုဒ် (လင်မယားအိပ်ယာပေါ်၌ ထိုင်နေမှု)
-
၉၃။ ရဟောပဋိစ္ဆန္န (ဖုံးကွယ်ရာ၌ မာတုဂါမ နှင့်နေမှု)
-
၉၄။ ရဟောနိသဇ္ဖ သိက္ခာပုဒ် (ဆိတ်ကွယ်ရာ၌ မာတုကာမနှင့် နှစ်ယောက်ချင်းအတူနေမှု)
-
၉၅။ စာရိတ္တ သိက္ခာပုဒ် (ဆွမ်းမစားမီ အိမ်လည်မှု)
-
၉၆။ မဟာနာမ သိက္ခာပုဒ် (နှိပ်နှိပ်စက်စက်တောင်းမှု)
-
၉၇။ ဥယျုတ္တသေနာ သိက္ခာပုဒ် (စစ်တိုက်ထွက်သည်ကို ကြည့်ရှုမှု)
-
၉၈။ သေနာဝါသ သိက္ခာပုဒ် (စစ်တပ်အတွင်း ညအိပ်မှု)
-
၉၉။ ဥယျောဓိက သိက္ခာပုဒ် (စစ်တိုက်နေသည်ကို ကြည့်မှု)
-
(သုရာပါန၀ဂ်)၁၀၀။ သုရာပါန သိက္ခာပုဒ် (သေရည်သေရက် သောက်မှု)
-
၁၀၁။ အင်္ဂုလိပတောဒက သိက္ခာပုဒ် (ကလိထိုကစားမှု)
-
၁၀၂။ ဟသဓမ္မ သိက္ခာပုဒ် (အစီရ၀တီ မြစ်ထဲ၌ ရေကစားမှု)
-
၁၀၃။ အနာဒရိယ သိက္ခာပုဒ် (ရဟန်းတို့အား မလေးမစားပြောမှု)
-
၁၀၄။ ဘိံသာပန သိက္ခာပုဒ် (ခြောက်လှန့်မှု)
-
၁၀၅။ ဇောတိ သိက္ခာပုဒ် (မီးလှုံမှု)
-
၁၀၆။ နဟာန သိက္ခာပုဒ် (အလိုက်မသိပဲ အချိန်ကြာမြင့်စွာရေချိုးမှု)
-
၁၀၇။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် (သင်္ကန်း မမှတ်မိမှု)
-
၁၀၈။ ၀ိကပ္ပန သိက္ခာပုဒ် (ပစ္စုဒ္ဓိုရ် သင်္ကန်းကို ၀တ်မှု)
-
၁၀၉။ စီဝရအပနိဓါန သိက္ခာပုဒ် (သပိတ် သင်္ကန်း စသည်ကို ၀ှက်ထားမှု)
-
(သပ္ပါဏက၀ဂ်)
-
၁၁၀။ သဥ္စိစ္စ သိက္ခာပုဒ် (ကျီးကန်သတ်မှု)
-
၁၁၁။ သပ္ပါဏက သိက္ခာပုဒ် (ရေကို ပိုးကောင်ရှိမှန်းသိလျက်သောက်သုံးမှု)
-
၁၁၂။ ဥက္ကောဋန သိက္ခာပုဒ်( အဓိကရုဏ်ဖြစ်အောင် လှုပ်ဆော်မှု)
-
၁၁၃။ ဒုဋ္ဌုလ္လ သိက္ခာပုဒ် (ရုန်ရင်းသောအာပတ်ကို ဖုံးကွယ်ထားမှု)
-
၁၁၄။ ဥုန၀ီသတိဝဿ သိက္ခာပုဒ် (အသက်နှစ်ဆယ်မပြည့်သူကို ရဟန်းပြုပေးမှု)
-
၁၁၅။ ထေယျသတ္ထ သိက္ခာပုဒ် (ခိုးသူကုန်သည်နှင့်အတူသွားမှု)
-
၁၁၆။ သံဝိဓာန သိက္ခာပုဒ် (မာတုကာမနှင့်အတူ ခရီးသွားမှု)
-
၁၁၇။ အရိဋ္ဌ သိက္ခာပုဒ် (မှားယွင်းသောအယူကို ယူမှု)
-
၁၁၈။ ဥက္ခိတ္တ သံဘောဂ သိက္ခာပုဒ် (ထုတ်ခံရသော ၇ဟန်းနှင့် ပေါင်းမှု)
-
၁၁၉။ ကဏ္ဋက သိက္ခာပုဒ် (မိစ္ဆာဝါဒီသာမဏေနှင့် ဆက်ဆံမှု)
-
(သဟဓမ္မိက၀ဂ်)
-
၁၂၀။ သဟဓမ္မိက သိက္ခာပုဒ် (သိက္ခာပုဒ်ကို သွယ်ဝိုက်ငြင်းဆန်မှု)
-
၁၂၁။ ၀ိလေခန သိက္ခာပုဒ် (သိက္ခာပုဒ်ကို ကဲ့ရဲ့မှု)
-
၁၂၂။ မောဟန သိက္ခာပုဒ် (သိက္ခာပုဒ်ကို မသိဟန်ဆောင်မှု)
-
၁၂၃။ ပဟာရ သိက္ခာပုဒ် (ရဟန်းကို ရိုက်နှက်မှု)
-
၁၂၄။ တလသတ္တိက သိက္ခာပုဒ် (ရိုက်နှက်မည့်ဟန် ချိန်ရွယ်မှု)
-
၁၂၅။ အမူလက သိက္ခာပုဒ် (သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲမှု)
-
၁၂၆။ သဥ္စိစ္စ သိက္ခာပုဒ် (ရဟန်းအား သံသယဖြစ်စေမှု)
-
၁၂၇။ ဥပဿုတိ သိက္ခာပုဒ် (ရန်ဖြစ်သော ရဟန်းများ စကားပြောနေသည်ကို ချောင်းနားထောင်မှု)
-
၁၂၈။ ကမ္မပတိဗာဟန သိက္ခာပုဒ် (ဆန္ဒပေးပြီးမှ ကံကို တားမြစ်မှု)
-
၁၂၉။ ဆန္ဒံအဒတွာ ဂမန သိက္ခာပုဒ် (ဆန္ဒမပေးပဲ ဖယ်ခွာသွားမှု)
-
၁၃၀။ ဒုဗ္ဗလ သိက္ခာပုဒ် (သံဃာနှင့် သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ ချကဲ့ရဲ့မှု)
-
၁၃၁။ ပရိဏာမန သိက္ခာပုဒ် (သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွတ်စေမှု)
-
(ရတန၀င်္ဂ ရာဇ၀ဂ်)
-
၁၃၂။ အန္တေပုရ သိက္ခာပုဒ် (ကြိုတင်အသိမပေးပဲ နန်းတွင်းခန်းဆောင်သို့ ၀င်မှု)
-
၁၃၃။ ရတန သိက္ခာပုဒ် (ငွေထုတ်ကို သိမ်းထားမှု)
-
၁၃၄။ ၀ိကာလဂါမပဝေသန သိက္ခာပုဒ် (နေလွဲချိန်တွင် ရှာတွင်းဝင်မှု)
-
၁၃၅။ သူစိဃရ သိက္ခာပုဒ် (အလိုက်မသိပဲ အပ်ဗူးအများကိုတောင်းမှု)
-
၁၃၆။ မဉ္စပီဋ္ဌ သိက္ခာပုဒ် (မြင့်သောကုတင်ပေါ်တွင် အိပ်မှု)
-
၁၃၇။ တူလောနဒ္ဓ သိက္ခာပုဒ် (၀ါဂွမ်းမွေ့ယာသုံးစွဲမှု)
-
၁၃၈။ နိသီဒန သိက္ခာပုဒ် (အလွန်ကြီးသော နိသီဒိုင်အခင်းကိုဆောင်မှု)
-
၁၃၉။ ကဏ္ဍုပဋိ စ္ဆာဒိ သိက္ခာပုဒ် (အနာလွမ်းသင်္ကန်းကို ပမာဏလွန်အောင်ပြုမှု)
-
၁၄၀။ ၀ဿိကသာဋိကာ သိက္ခာပုဒ်
(အတိုင်းအရှည်လွန်သောမိုးရည်ခံသင်္ကန်းကို ပြုလုပ်မှု)
-
၁၄၁။ နန္ဒတ္ထေရ သိက္ခာပုဒ်
(ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ၀တ်ဆင်မှု)
-
၆။ ပါဋိဒေသနီ သိက္ခာပုဒ် ၄ ပါး (သီးခြား ထုတ်ဖော် ပြောကြားရသောအပြစ်)
-
၁၄၂။ ပဋ္ဌမ ပါဋိဒေသနီယ သိက္ခာပုဒ် ( ဘိက္ခုနီထံမှ ဆွမ်းကိုခံယူမှု)
-
၁၄၃။ ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ်
(ဆွမ်းစားစဉ် ဘိက္ခုနီ စီမံသည်ကို မတားမြစ်မှု)
-
၁၄၄။ တတိယ ပါဋိဒေသနီယ သိက္ခာပုဒ်
(ခဲဖွယ်ဘောဇဉ်ကို အတိုင်းအရှည်မသိ ခံယူမှု)
-
၁၄၅။ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ် (ကြိုတင်အသိမပေးသည့် ဆွမ်းကိုစားမှု)
-
၇။ သေခိယ သိက္ခာပုဒ် ၇၅ပါး (သင်ကြားလေ့ကျင်ရမည်)
-
၁၄၆။ ပရိမဏ္ဍလ သိက္ခာပုဒ် (၂)ပါး
(သင်္ကန်းကို ရှေ့နောက်ဝဲယာ အ၀န်းညီစွာ ၀တ်ရုံရန်။)
-
၁၄၈။ သုပ္ပဋိ စ္ဆန္န သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် သင်္ကန်းရုံထား၇န်။)
-
၁၅၀။ သုသံဝုသ သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် ကာယိနြေ္ဒထိန်းရန်)
-
၁၅၂။ သြက္ခိတ္တစက္ခု သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းတွင် မျက်လွှာချထားရန်)
-
၁၅၄။ ဥက္ခိတ္တက သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို မပြီးသွားလာနေထိုင်မှု)
-
(ဥဇ္ဖ ဂ္လိက၀ဂ်)
-
၁၅၆။ဥဇဂ္ဃိက၀ဂ် သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းပြင်းစွာရယ်မှု)
-
၁၅၈။ အပ္ပသဒ္ဒ သိက္ခာပုဒ် (၂)ပါး (စကားကို တိုးတိုးပြောရန်)
-
၁၆၀။ ၁၆၅ထိ ။ ပစာလကစာသော သိက္ခာပုဒ် (၆)ပါး (ကာယိနြေ္ဒကိုစောင့်ထိန်း၇န်)
-
(ခမ္ဘကတ၀ဂ်)
-
၁၆၆။ ခမ္ဘကတ သိက္ခာပုဒ် (၂)ပါး (ခါးမထောက်ရ)
-
၁၆၈။ ဥဂုဏ္ဌိတ သိက္ခာပုဒ် (၂)ပါး (ခေါင်းမြီး မခြုံရ။)
-
၁၇၀။ ဥက္ကုဋိက သိက္ခာပုဒ် (ခြေဖျားထောက်မသွားရ)
-
၁၇၁။ ပလ္လတ္ထိက သိက္ခာပုဒ် (ဒူးကို သိုင်းဖွဲ့မထိုင်ရ)
-
၁၇၂။ သက္ကစ္စပဋိဂ္ဂဏ သိက္ခာပုဒ် (လေးလေးစားစားဆွမ်းခံရန်)
-
၁၇၃။ ပတ္တသညီ သိက္ခာပုဒ် (ဆွမ်းခံစဉ် သပိတ်တွင် စိတ်အာရုံပြုနေရန်။)
-
၁၇၄။ သမသူပက သိက္ခာပုဒ် (ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရန်။)
-
၁၇၅။ သမတိတ္ထိက သိက္ခာပုဒ် (သပိတ်အနားရေးညီရုံသာ ဆွမ်းခံရန်။)
-
(သက္ကစ္စ၀ဂ်)
-
၁၇၆။ သက္ကစ္စ ဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းစားရာတွင် လေးစားမှုရှိရန်)
-
၁၇၇။ ပတ္တသညီဘဉ္ဖန သိက္ခာပုဒ် ( သပိတ်၌စိတ်စိုက်ပြီး စားရန်)
-
၁၇၈။ သပဒါန သိက္ခာပုဒ် (ဆွမ်းကို အစဉ်အတိုင်း စားရန်)
-
၁၇၉။ သမသူပကဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းနဲ့ဟင်း မျှတစွာစားရန်)
-
၁၈၀။ ထူပကတ သိက္ခာပုဒ် (ဆွမ်းဦးဆွမ်းထိပ်မှ ယူမစား၇န်..)
-
၁၈၁။ ပဋိစ္ဆာဒန သိက္ခာပုဒ် (ဟင်းကို ဆွမ်းဖြင့် ဖုံးမထားရ)
-
၁၈၂။ သူပေါဒန၀ိညတ္တိ သက္ခာပုဒ် (မနာမဖျားပဲ ဆွမ်းနဲ့ဟင်းကို တောင်းခံမစားရ)
-
၁၈၃။ ဥဇ္ဈာနသညီ သိက္ခာပုဒ် (ကဲ့ရဲ့လိုစိတ်ဖြင့် သူတပါးသပိတ်ကို မကြည့်ရ)
-
၁၈၄။ အတိမဟန္တကဗဠ သိက္ခာပုဒ် (ဆွမ်းလုတ်ကြီးကြီးမစားရ)
-
၁၈၅။ ပရိမဏ္ဍလအာလောပ သိက္ခာပုဒ် (ဆွမ်းလုတ်ကို ညီအောင်ညှိပြီး စားရမည်)
-
၁၈၆။ အနာဟဋ သိက္ခာပုဒ် (ဆွမ်းလုတ်မေ၇ာက်မီ ခံတွင်းကို ကြိုတင်ဖွင့်မထားရ)
-
၁၈၇။ ဘုဉ္ဖမန သိက္ခာပုဒ် (လက်ချောင်းအားလုံး ခံတွင်းသို့မသွင်းရ)
-
၁၈၈။ သကဗဠ သိက္ခာပုဒ် (ဆွမ်းပလုတ်ပလောင်းဖြင့် စကားမပြောရ)
-
၁၈၉။ ပိဏ္ဍုက္ခေပက သိက္ခာပုဒ်( ဆွမ်းလုတ်ကို ခံတွင်းထဲသို့ ပစ်ပေါက်မသွင်းရ)
-
၁၉၀။ ကဗဠာဝစ္ဆေဒက သိက္ခာပုဒ် (ဆွမ်းလုတ်ကို ကိုက်ဖြတ်မစားရ)
-
၁၉၁။ အ၀ကဏ္ဍကာရက သိက္ခာပုဒ် (ပါးဖောင်းအောင်ပြုပြီး မစားရ)
-
၁၉၂။ ဟတ္ထ နိဒ္ဓုနကံ သိက္ခာပုဒ် (ဆွမ်းစားစဉ် လက်မခါရ)
-
၁၉၃။ သိတ္ထ ၀ကာရက သိက္ခာပုဒ် (ဆွမ်းလုံးများ ဖြန့်ကြဲပြီး မစားရ)
-
၁၉၄။ ဇိဝှါနိစ္ဆာရက သိက္ခာပုဒ် (လျှာထုတ်မစားရ)
-
၁၉၅။ စပုစပုသာရက သိက္ခာပုဒ် (ပျတ်ပျတ်အသံမထွက်စေရ)
-
(သုရုသုရုဝဂ်)
-
၁၉၆။ သုရုသုရု သိက္ခာပုဒ် (အစာစားစဉ် ရှုးရှုးရှဲရှဲမမြည်စေရ)
-
၁၉၇။ ဟတ္ထနိလ္လေဟက သိက္ခာပုဒ် (လက်တွင် ကပ်နေသော အစာကို မလျက်ရ)
-
၁၉၈။ ပတ္တနိလ္လေဟက သိက္ခာပုဒ် (သပိတ်ကို ခြစ်ပြီး မစားရ)
-
၁၉၉။ သြဠနိလ္လေဟက သိက္ခာပုဒ် (နှုတ်ခမ်းကို လျှာဖြင့် ရက်ပြီး မစားရ)
-
၂၀၀။ သာမိသ သိက္ခာပုဒ် (ဟင်းပေကျံသော လက်ဖြင့် သောက်ရေခွက် မကိုင်ရ)
-
၂၀၁။ သသိတ္ထက သိက္ခာပုဒ်
(ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာအတွင်း မစွန့်ရ)
-
၂၀၂။ ဆတ္တပါဏိ သိက္ခာပုဒ် ( ထီးကိုင်ထားသူအား တရားမဟောရ)
-
၂၀၃။ ဒဏ္ဍပါဏိ သိက္ခာပုဒ် ( တုတ်ကိုင်ထားသူအား တရားမဟောရ)
-
၂၀၄။ သတ္ထပါဏိ သိက္ခာပုဒ် ( ဓားကိုင်ထားသူအား တရားမဟောရ)
-
၂၀၅။ အာဝုဓပါဏိ သိက္ခာပုဒ် (လေးလက်နက်ကိုင်ထားသူများအား တရားမဟောရ)
-
၂၀၆။ ပါဒုကာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရားမဟောရ)
-
၂၀၇။ ဥပါပနာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရားမဟောရ)
-
၂၀၈။ ယာနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် ယာဉ်ပေါ် နေသူအား တရားမဟောရ)
-
၂၀၉။ သယနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် အိပ်ရာထဲနေသူအား တရားမဟောရ)
-
၂၁၀။ ပလ္လတ္ထိကနိသိန္န သိက္ခာပုဒ်
(ကျန်းမာပါလျက် အယောဂပတ်ဖွဲ့ပြီး ထိုင်နေသူအား တရားမဟောရ)
-
၂၁၁။ ဝေငှိတသီသ သိက္ခာပုဒ်
(ကျန်းမာပါလျက်ခေါင်းပေါင်းပေါင်းထားသူအား တရားမဟောရ)
-
၂၁၂။ သြဂုဏ္ဍိသီသ သိက္ခာပုဒ်
(ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရားမဟောရ)
-
၂၁၃။ ဆမာ သိက္ခာပုဒ် (မြေကြီးပေါ်နေလျက် တရားမဟောရ)
-
၂၁၄။ နီစ အာသန သိက္ခာပုဒ်(နိမ့်ရာမှ နေပြီး တရားမဟောရ)
-
၂၁၅။ ငှိတ သိက္ခာပုဒ် (မတ်တပ်ရပ်လျက် တရားမဟောရ)
-
၂၁၆။ ပစ္ဆဂမန သိက္ခာပုဒ် (နောက်က လိုက်၍ တရားမဟောရ)
-
၂၁၇။ ဥပ္ပထဂမန သိက္ခာပုဒ် (လမ်းဘေးက လိုက်၍ တရားမဟောရ)
-
၂၁၈။ ငှိတဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ မတ်တပ်၇ပ်ပြီး ကျင်ကြီးမစွန့် ရ)
-
၂၁၉။ ဟရိတ ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ စိမ်းစိုရာ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
-
၂၂၀။ ဥဒက ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ ရေ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
-
၈။ အဓိကရဏ သမထ ၇ ပါ
-
ဖြစ်ပေါ်လာသော အဓိကရုဏ်းမှုခင်းများကို ပြေငြိမ်းစေမည့် နည်းလမ်း ခုနှစ်မျိုး
-
၂၂၁။ သမ္မုခါဝိနယသမထ
-
၂၂၂။ သတိဝိနယသမထ
-
၂၂၃။ အမူဠ၀ိနယသမထ
-
၂၂၄။ ပဋိညာတကရဏသမထ
-
၂၂၅။ ယေဘုယျသိကာသမထ
-
၂၂၆။ တဿပါပိယသိကသမထ
-
၂၂၇။ တိဏ၀တ္ထာရကသမထ
-
ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
-
၁။မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
-
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
-
၃။မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
-
၎။ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
-
(( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ))
-
သံဃာဒိသိသ် ၁၃ ပါး
-
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
-
၅။သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
-
၆။ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
-
၇။ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
-
၈။အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
-
၉။သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
-
၁၀။ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက်
လွန်သောကျောင်းကို ဆောက်မှု)
-
၁၁။ဝိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
-
၁၂။ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
-
၁၃။ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
-
၁၄။သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
-
၁၅။ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
-
၁၆။ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
-
၁၇။ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
-
(( အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ))
=======================
ရဟန်း ၀ိနည်း၂၂၇ သွယ် စာအုပ်မှ