👏👏👏👏👏👏👏👏👏👏👏
ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်မည့်ယောဂီပုဂ္ဂိုလ်သည်
အထူးအားဖြင့် အောက်ဖော်ပြပါ အန္တရာယ်ငါးပါးကို
မကျူးလွန်စေရ၊ မကျရောက်စေရ။ ကျူးလွန်ကျရောက်
သူဖြစ်ပါက မဂ်ဖိုလ်ကိုရမည်မဟုတ်ပေ။ ၄င်းတို့မှာ
၁။ ကမ္မန္တရာယ် = ပဉ္စာနန္တရိယကံစသည်ကိုကျူးလွန်ခြင်း။
၂။ ကိလေသန္တရာယ် = နိယတမိစ္ဆာဒိဋ္ဌိအယူရှိခြင်း။
၃။ ၀ိပါကန္တရာယ် = အဟိတ်ဒွိဟိတ် ပဋိသန္ဓေနေခြင်း။
၎။ အရိယူပ၀ါဒန္တရာယ် = အရိယာကိုစွပ်စွဲကဲ့ရဲ့ခြင်း။
၅။ အာဏာဝီတိက္ကမန္တရာယ် = ရဟန်းတော်များ
အာပတ်(၇)ပုံကျူးလွန်ခြင်း တို့ဖြစ်သည်။
၁။ ကမ္မန္တရာယ်
ကံငါးပါး သို့မဟုတ် ကံခြောက်ပါးကို ကျူးလွန်ခြင်း
ကြောင့် ကျရောက်သော အန္တရာယ်ကို ကမ္မန္တရာယ်
ဟုခေါ်သည်။ ၄င်းသည် အောက်ပါအတိုင်းခြောက်
ပါးရှိပါသည်။
၁။ မာတုဃတက = မိခင်ကိုသတ်ခြင်း။
၂။ ပိတုဃာတက = ဖခင်ကိုသတ်ခြင်း။
၃။ အရဟန္တဃာတက = ရဟန္တာကိုသတ်ခြင်း။
၎။ လောဟိတုပ္ပါဒက = ဘုရားရှင်ကိုသွေးစိမ်း
တည်အောင်ပြုခြင်း။
၅။ သံဃဘေဒက = သံဃာအချင်းချင်းစိတ်ဝမ်း
ကွဲအောင်ပြုခြင်း။
၆။ ဘိက္ခုနီဒူသက = သီလရှိသောရဟန်းမိန်းမ
ကို ဗလ္လကာရပြု၍ဖျက်စီးခြင်း။
ဤခြောက်ပါးတွင် ရှေ့ငါးပါးသည် (ပဉ္စနန္တရိယ
ကံ)သည် သဂ္ဂန္တရာယ်= မဂ်ဖိုလ်အတွက်လည်း
အန္တရာယ်ဖြစ်၏။ ဤငါးပါးကိုကျူးလွန်မိသူသည်
နတ်ရွာသုဂတိသို့လည်းမရောက်နိုင်။ သောတာ
ပတ္တိစသောမဂ်ဖိုလ်သို့လည်း မရနိုင်ဟုဆိုလို
သည်။ ဘိက္ခုနီဒူသကကံသည်မဂ်ဖိုလ်အန္တရာယ်
အတွက်သာဖြစ်နိုင်သည်။
၂။ ကိလေသအန္တရာယ်
အယူမှား စွဲမြဲစွာယူခြင်းဟု ဆိုအပ်သောနိယတ
မိစ္ဆာဒိဋ္ဌိကို ကိလေသန္တရာယ်ဟုခေါ်သည်။
ထိုနိယတမိစ္ဆာဒိဋ္ဌိသည် အောက်ပါအတိုင်း
သုံးမျိုးရှိ၏။
၁။ အကိရိယဒိဋ္ဌိ = ကောင်းမှုမကောင်းမှုကို
ပြုသော်လည်း ပြုရာမရောက်ဟု မြဲမြံစွာယူ
ခြင်း။
၂။ နတ္ထိကဒိဋ္ဌိ = သတ္တ၀ါသည်သေလျှင်
ပြတ်၏။ ဘ၀တစ်ပါးမရှိ။ ကောင်းမှုမကောင်းမှု
တို့၏ ကောင်းကျိုးဆိုးကျိုးမရှိဟုမြဲမြံစွာယူခြင်း။
၃။ အဟေတုကဒိဋ္ဌိ = ကုသိုလ်ကံ အကုသိုလ်
ကံ ဟူ၍မရှိ။ အကြောင်းမရှိဘဲအလိုလိုချမ်းသာ
ကြသည်။ ဆင်းရဲကြသည်ဟုမြဲမြံစွာယူခြင်း။
ဤနိယတမိစ္ဆာဒိဋ္ဌိအယူရှိသောသူသည်နတ်
ပြည်သို့လည်း မရောက်နိုင်။ မဂ်ကိုလည်း
မရနိုင်။
၃။ ၀ိပါကန္တရာယ်
နဂါး၊ ဂဠုန်၊ တိရစ္ဆာန်၊ ငရဲသူ၊ ငရဲသား၊ အမိ
ဝမ်းတွင်းမှ အင်္ဂါချို့တဲ့သူများသည် အဟိတ်
ပဋိသန္ဓေနေရသူများဖြစ်ကြ၏။ လူဖြစ်သော်
လည်း ဥာဏ်ပညာလေးလံထိုင်းမှိုင်းသူများ
သည် ဒွိဟိတ်ပဋိသန္ဓေနေရသူများဖြစ်ကြ၏။
လူပုဂ္ဂိုလ်များသည် ပဋိသန္ဓေဥာဏ်ကင်းသည့်
အတွက် မဂ်ဖိုလ်ကိုမရနိုင်ချေ။ လူ့အဖြစ်နတ်
အဖြစ်သို့သာရောက်နိုင်ကြသည်။ အတိတ်ကံ
၏အကျိုးဝိပါက က မဂ်ဖိုလ်မရအောင်အန္တ
ရာယ်ပြုတားဆီးထား၏။
၎။ အရိယူပ၀ါဒန္တရာယ်
အရိယာဟုသိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ
အရိယာပုဂ္ဂိုလ်အား ကဲ့ရဲ့စွပ်စွဲခြင်းသည်
အရိယူပ၀ါဒန္တရာယ်မည်၏။ အရိယာကို
ကဲ့ရဲ့စွပ်စွဲသူအား သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်
ဖြစ်၏။ သို့သော် အရိယာအားကဲ့ရဲ့စွပ်စွဲ
ပြီးနောက် ကန်တော့တောင်းပန်လျှင်
ထိုအန္တရာယ်မှ လွတ်ကင်း၏။
၅။ အာဏာဝီတိကမ္မန္တရာယ်
မြတ်စွာဘုရားပညတ်ထားတော်မူအပ်သော
ဝိနည်းသိက္ခာပုဒ်တော်များနှင့်အာပတ်(၇)ပုံ
ကိုသိလျက်လွန်ကျူးသောရဟန်းအားအာ
ဏာဝီတိကမ္မန္တရာယ်ကျရောက်၏။ ထိုရဟန်း
အား သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်နှစ်ပါးလုံးဖြစ်၏။
သို့သော် ၀ိနည်းနှင့်အညီကုစားပြီးသောအခါ
ထိုအန္တရာယ်မှကင်းလွတ်၏။
ထို့ကြောင့် ၀ိပဿနာရှု့မည့်ယောဂီပုဂ္ဂိုလ်
သည် မဂ်ဖိုလ်ကိုရနိုင်ရန်အတွက် သက်ဆိုင်
ရာကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံရမည့်အပြင်
အန္တရာယ်ငါးပါးကိုလည်းမကျူးလွန်သူဖြစ်ရ
မည်။
ဗုဒ္ဓဘာသာလက်စွဲကျမ်း
No comments:
Post a Comment